ရင်သွေးလေးလွယ်ထားရတဲ့ ချစ်ဇနီးလေးကို အသေးစိုက် ဂရုစိုက်ဖြစ်နေတဲ့ အဆိုတော် ဂျွန်

Posted on - Feb 28 []

Moe Kalay

စာရေးသူ

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ သူငယ်ချင်းများစွာထဲက တစ်ဦးဖြစ်တဲ့ အဆိုတော် ဂျွန် ဟာဆိုရင် စိုင်းစိုင်းနဲ့အတူ သီချင်းတွေဆိုရင် ပရိသတ်အားပေးမှုများစွာရရှိထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားခဲ့တဲ့ " ငါ့ရည်းစားက ပိုမိုက်တယ်" သီချင်းလေးထဲမှာလည်း ချစ်ဇနီး ဆရာဝန်မလေးကို အမွှန်းတင်ပြီးဆိုထားတဲ့စာသားတွေနဲ့ နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။

ဂျွန်နဲ့ သူ့ရဲ့ အသဲလေးအေးတဲ့ ချစ်သူ ဆရာဝန်မလေး တို့ကလည်း " ငါ့ရည်းစားက ပိုမိုက်တယ်" သီချင်းထွက်ရှိပြီးနောက်ပိုင်းမှာ ပရိသတ်တွေအားကျရတဲ့ စုံတွဲဖြစ်လာခဲ့ပါတယ်။ ဇနီးချောဆရာဝန်မလေးကို ပိုင်ဆိုင်ထား ဂျွန်က တော့ အမြဲဂုဏ်ယူမဆုံးဖြစ်နေတာပါ။

အဆိုတော်ဂျွန် ရဲ့ ဇနီးလေးမှာ ခုဆိုရင် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေသိမှာပါ။ အဆိုတော် ဂျွန် ကသူ့ရဲ့ ရင်သွေးလေးကို လွယ်ထားရတဲ့ ချစ်ဇနီးကို အရမ်းဂရုစိုက်နေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ အဆိုတော် ဂျွန်ရဲ့ ချစ်ဇနီးလေးက သူ့ရဲ့ ခင်ပွန်းက သူမကို အရမ်းဂရုစိုက်ကြောင်းခုလို ပြောထားပါတယ်။

" ဗိုက်ကြီးထောက်ပြီး ခါးလည်းမကုန်းနိုင်တော့တဲ့ အခြေအနေမှာ ခြေသည်းသန့်ရှင်းတာတွေလုပ်ပေးတယ်။ 🙏🙏🙏 ခုထိဗိုက်ကြောတစ်ချောင်းမှမပြတ်သေးတာလည်း သူ့ကျေးဇူးပဲ ကိုယ်ဝန်ရှိတာစသိတည်းက ခရီးသွားတဲ့ရက်ကလွဲလို့ နေ့တိုင်း ဆီတွေ cream တွေလိမ်းပေးတယ်။ ပစိပစပ်ပိုများ ကပ်စေးပိုနည်းလာတာကလွဲလို့ ခုလို အနွံတာပိုခံတာတွေအတွက်တော့ ကျေးဇူးအရမ်းတင်ပါတယ် အွန်ဂျူးကို။ 💙 သားလေးမွေးပြီးရင်လည်း ကလေးငိုရင် တစ်ယောက် တစ်ည တစ်ရက်စီထကြေး😁🙈 Alternate Duty ပေါ့😋" ဆိုပြီးပြောထားပါတယ်။

ဇနီးလေးကို အရမ်းဂရုစိုက်နေတဲ့ ဂျွန် ရဲ့အကြောင်းကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;myat thiri maung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။