၁ နှစ်တောင် Training မယူလိုက်ရပဲ ပွဲထွက်ခွင့်ရခဲ့ကြတဲ့ Idol ၉ ယောက်

Posted on - Feb 27 []

Mia Zin

စာရေးသူ

လက်ရှိမှာ အောင်မြင်လှုပ်ရှားနေကြတဲ့ K-pop Idol တွေဟာ Idol တစ်ယောက်အနေနဲ့ ပွဲထွက်ခွင့်ရဖို့ကို နှစ်အတော်ကြာ Training ဆင်းခဲ့ကြရသူတွေ ဖြစ်ပါတယ်။ Idol တစ်ယောက်ဖြစ်ဖို့အတွက် Training ဆင်းနေရတဲ့ အချိန်တွေဆိုတာဟာ တကယ်ကို စိတ်ရော၊ လူရော ပင်ပန်းခက်ခဲရတဲ့ အချိန်တွေပါ။ ဒါပေမယ့် အခုတင်ဆက်ဖော်ပြပေးမယ့် Idol (၉) ယောက်ကတော့ Training ကာလကို ၁ နှစ်ပြည့်အောင်တောင် မယူလိုက်ရပဲ ပွဲထွက်နိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. EXO’s Baekhyun

EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Baekhyun ကတော့ Training ၃ လမျှသာယူပြီး ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

2. EXO’s Chen

EXO ရဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Chen ရဲ့ Training ကာလကတော့ ၄ လမျှသာ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

3. WANNA ONE’s Lai Guanlin

WANNA ONE ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ တစ်ကိုယ်တော်အနေနဲ့ လှုပ်ရှားလျှက်ရှိတဲ့ Lai Guanlin ရဲ့ သင်တန်းကာလကတော့ ၆ လမျှ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

4. Miss A’s Suzy

Miss A ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ အောင်မြင်မှုတွေရရှိနေသူ Suzy ကတော့ Idol တစ်ယောက်အဖြစ် ပွဲထွက်နိုင်ဖို့အတွက် ၁၀ လမျှအချိန်ယူပြီး လေ့ကျင့်သင်ကြားခဲ့ရတာ ဖြစ်ပါတယ်။

5. KARA’s Goo Hara

KARA ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး လက်ရှိမှာတော့ ဘ၀တစ်ပါးဆီကိုပြောင်းရွှေ့လို့သွားခဲ့ပြီဖြစ်တဲ့ Goo Hara ရဲ့ Training ကာလကတော့ ၃ လပဲ ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

6. KARA’s Kang Jiyoung

KARA ရဲ့ နောက်ထပ်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Kang Jiyoung ရဲ့ Training ကာလကတော့ ၁ လတောင်မပြည့်ခဲ့ပါဘူး။ ၂ ပတ်မျှသာကြာမြင့်ခဲ့ပြီးနောက် ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

7. Apink’s Jung Eunji

Apink ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ် သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့လည်း လှုပ်ရှားလျှက်ရှိတဲ့ Jung Eunji ရဲ့ Training ကာလကတော့ ၂ လ ဖြစ်ပါတယ်။

8. Super Junior’s Ryeowook

Super Junior ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Ryeowook ရဲ့Training ကာလကလည်း ၂ လပဲ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

9. Super Junior’s Kyuhyun

Super Junior ရဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kyuhyun ကတော့ Training ကာလ ၃ လမျှတာ အချိန်ယူလေ့ကျင့်ခဲ့ရပြီးနောက် Super Junior အဖွဲ့ဝင်အဖြစ်နဲ့ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။