ကမ္ဘာကျော်သရုပ်ဆောင်တို့ ရဲ့ အံ့အားသင့်စရာ အတိတ်ဖြစ်ရပ်များ

Posted on - Feb 29 []

Rowena

စာရေးသူ

လူတိုင်းလူတိုင်းမှာ ငယ်စဉ်ကလေးဘ၀တည်းက အိပ်မက်ကိုယ်စီ၊ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ အခြေအနေ၊ အခက်အခဲအမျိုးမျိုးကြောင့် ကိုယ်ဝါသနာပါတဲ့ ရည်မှန်းချက်တွေနဲ့ လွဲချော်ပြီး ကိုယ့်ရဲ့ လက်ရှိအတွေ့ အကြုံနဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရွေးချယ်လုပ်ကိုင်နေရတဲ့သူတွေလည်း ဒုနဲ့ ဒေးပါပဲ။ အလားတူပဲ ပရိသတ်တွေသဲသဲလှုပ်ချစ်ကြရတဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီတွေမှာလည်း မကျော်ကြားသေးစဉ် ငယ်ဘ၀တုန်းက အိပ်မက်ကိုယ်စီ၊ ၀ါသနာကိုယ်စီရှိကြပြီး အသက်ကြီးပြင်းလာတဲ့အချိန်မှာမှ ၀ါသနာနဲ့ လွဲချော်ခဲ့ရတဲ့အခိုက်အတန့် တွေ ကိုယ်စီရှိခဲ့ကြတာကို တွေ့ ရပါတယ်။ ပရိသတ်တွေ ရှော့ ခ်တောင်ရသွားစေနိုင်တဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီတို့ ရဲ့ ထူးထူးဆန်းဆန်း ၀ါသနာတွေ၊ အံ့အားသင့်စရာ အကြောင်းအရာတွေနဲ့ ကမ္ဘာကျော်သရုပ်ဆောင်မဖြစ်သေးစဉ်က အလုပ်အကိုင်တွေဟာ ဘယ်လိုမျိုးတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင် ...

Nicolas Cage

မင်းသားကြီး Nicolas Cage ဟာ တစ်ခါတုန်းက ရေဘ၀ဲတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးခဲ့ဖူးပါတယ်။ အကြောင်းအရင်းကတော့ ရေဘ၀ဲမွေးရင် သရုပ်ဆောင်လေ့ကျင့်တဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့ ယူဆလို့ ပါ တဲ့။

Lucy Liu

မင်းသမီးချော Lucy Liu ဟာ သရဲတစ်ကောင်နဲ့ လိင်ဆက်ဆံဖူးတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ အခိုင်အမာပြောဆိုဖူးပါတယ်။

Mark Wahlberg

မင်းသားကြီး Mark Wahlberg ဟာ ဗီယက်နမ်လူမျိုးတစ်ယောက်ကို ထိုးခဲ့တဲ့အတွက် ထောင်ထဲမှာ (၇)ပတ်တိတိ နေခဲ့ရဖူးပါတယ်။

Jeremy Renner

မင်းသားချော Jeremy Renner ဟာ သရုပ်ဆောင်လောကထဲကို မ၀င်ရောက်သေးစဉ်က နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

Anne Hathaway

မင်းသမီးချော Anne Hathaway ရဲ့ ငယ်စဉ်ဘ၀တုန်းက စိတ်ကူးအိပ်မက်ဟာ သူမအသက်ကြီးလာရင် သီလရှင်ဝတ်ဖို့ ဖြစ်ပါတယ်။

Jim Carrey

မင်းသားကြီး Jim Carrey ဟာ အသက်(၁၆)နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး တံခါးစောင့်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။

Robert Downey Jr.

မင်းသားကြီး Robert Downey Jr. ဟာ ဆေးစွဲသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ Burger King က ဟမ်ဘာဂါတွေကိုစားပြီး ဆေးဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Leonardo DiCaprio

မင်းသားကြီး Leonardo DiCaprio ဟာ (၃၈)ပေါင်ရှိတဲ့ Sulcata လိပ်ကြီးတစ်ကောင်ကို မွေးဖူးပါတယ်။ Leo ဟာ အဆိုပါလိပ်ကြီးကို မြောက်အမေရိကမှာရှိတဲ့ တွားသွားသတ္တ၀ါမွေးမြူရေးဌာနကနေ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

Kid
Ref : QuirkyByte

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။