ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုအရှိန်မြင့်မားခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲများ

Posted on - Feb 28 []

Mia Zin

စာရေးသူ

ကိုရီးယားဟာ အနုပညာနဲ့ နိုင်ငံတကာကို ထိုးဖောက်ခဲ့တဲ့ နိုင်ငံပဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေစပြီး ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေဟာ နိုင်ငံတကာကို အသီးသီးထိုးဖောက်ပျံ့နှံ့ခဲ့တာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါဝင်အ၀င်ဖြစ်ပါတယ်။ "ဆောင်ဦးရွက်ကြွှေချစ်သက်သေ"ဆိုတဲ့ဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေကို ကိုရီးယားယဉ်ကျေးမှုနဲ့ စတင်ရင်းနှီးစေခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ကိုရီးယားေ.အနုပညာရေစီးကြောင်းဟာ နိုင်ငံတကာမှာ အလုံးအရင်းနဲ့ဝင်ရောက်လာနေတာကို တွေ့ရမှာပါ။ ဒါကြောင့် အခုတစ်ခါမှာတော့ ကိုရီးယားနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှု အမြင့်ဆုံးထိုးဖောက်နိုင်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ရပါတယ်။

1.Jewel in the Palace (2003)

နန်းတွင်းရတနာနဲ့ ချန်ဂင်ဆိုရင်တော့မြန်မာပြည်မှာ ကလေးကအစ အကုန်သိကြမှာပါ။ မြန်မာပရိသတ်တွေအနေနဲ့ ချန်ဂင်လေးကိုအားမလိုအားမရစိတ်၊ ဒေါသစိတ်တွေနဲ့ ချစ်ခဲ့ကြတာ အခုဆိုရင် ၁၆ နှစ်နီးပါး ကြာမြင်ခဲ့ပါပြီ။

2.Full House (2004)

ချစ်စံအိမ်နဲ့အတူ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေကိုလည်း ပရိသတ်တွေ မေ့နိုင်ဦးမယ်မထင်ပါဘူး။ ထိုဇာတ်လမ်းတွဲထဲမှာ Song Hye Kyo ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေဟာ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ အရမ်းကိုခေတ်စားခဲ့သလို ၀က်ဝံလေးကောင်ဆိုတဲ့ သီချင်းဟာလည်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲကျန်ခဲ့ဖူးပါတယ်။ ဇာတ်ကားထဲမှာပါဝင်တဲ့ အိမ်ကြီးဆိုရင်လည်း အပြင်မှာတကယ်ရှိတာမို့လို့ အဲဒီအိမ်ဆိုရင် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာတစ်ခုအဖြစ်နဲ့ သတ်မှတ်ရလောက်တဲ့အထိတိုင်အောင် ထိုဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုအရှိန်က ကြောက်ခမန်းလိလိမြင့်မားခဲ့ပါတယ်။

3. Boys Over Flowers(2009)

ဂူဂျွန်ဖြိုးဆိုတဲ့နာမည်ကို ကာလတစ်ခုကြာစွဲလမ်းဖူးရင်သင်က ကိုရီးယားဒရမ်မာအမာခံပရိသတ်တစ်ယောက်ဆိုတာ သေချာပါတယ်။ ကျောင်းတွေမှာရော သူငယ်ချင်းလေးယောက်ဖွဲ့ပြီး F4 လို့အရူးထဖူးကြလား။ မြန်မာပြည်မှာ ကိုရီးယားကားမကြည့်တဲ့သူတွေတောင် ဂူဂျွန်ဖြိုးဆိုရင် အနည်းအကျဉ်းတော့သိကြတဲ့အထိ Lee Min Hoရဲ့ အအောင်မြင်ဆုံးဇာတ်ကားပါပဲ။

4.The Moon Embracing the Sun(2012)

တကယ်လို့များ သင်ဟာ နန်းတွင်းဇာတ်ကားတွေကို ကြိုက်နှစ်သက်သူဆိုရင် ဒီဇာတ်လမ်းတွဲကိုလည်း လက်လွှတ်မခံသင့်ပါဘူး။ Kim Soo Hyun ဟာဆိုရင် Dream High ဇာတ်လမ်းတွဲနဲ့အောင်မြင်မှုရလာပြီးနောက်မှာ ဒီဇာတ်ကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပါတယ်။ နောက်ပြီး Kim So Hyun နဲ့ Kim Yoo Jung တို့ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားလို့ အခုအချိန်ပြန်ကြည့်ရင်တော့ တစ်မျိုးတစ်ဖုံရသပေးစွမ်းဦးမှာပါ။

5. Heirs(2013)

Lee Min Ho၊ Kim Woo Bin၊ Park shin hye၊ Kim Ji Won၊ Krystalတို့ကို တစ်ကားတည်းမှာ စုကြည့်နေရတာပဲ တန်လွန်းနေပါပြီ။ ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိပြီး ဇာတ်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

6. My Love from the Star(2014)

Jun Ji Hyun ရဲ့၁၄ နှစ်ကြာပြီးမှပြန်ရိုက်တဲ့စီးရီးပါ။ Kim Soo Hyunကလည်းဂြိုလ်သားလေးဒိုမင်းဂျွန်နာမည်နဲ့ ပရိသတ်အချစ်ကို ထပ်မံရှိခဲ့ပြန်ပါတယ်။

7.Healer(2015)

ဒီဇာတ်ကားကတော့ City Hunter ပြီးနောက် Park Min Young ရဲ့နောက်ထပ်အောင်မြင်တဲ့ ဇာတ်ကားတစ်ကားပါ။နောက်ပြီး Ji Chang wook ရယ်လို့လည်း ပရိသတ်တွေ လက်ခံလာတဲ့ဇာတ်ကား ဖြစ်ပါတယ်. Healerတစ်ယောက် ဘယ်အချိန်မှာများမိသွားမလဲလို့ အပိုင်းတိုင်းကို ရင်ခုန်စွာ၊ စိုးရိမ်ထိတ်လန့်စွာနဲ့ ကြည့်ရှုခဲ့ရသလို Ji Chang wook နဲ့Park Min Young တို့ရဲ့ ရိုမန့်အခန်းတွေဟာဆိုရင်လည်း အသက်ဝင်ပြီး နာမည်ကြီးလှပါတယ်။

8.Moonlight Drawn by the Clouds(2016)

Kim Yoo Jungနဲ့ Park Bo Gumတို့ရဲ့ လိုက်ဖက်ညီလွန်းတဲ့ သရုပ်ဆောင်ချက်တွေကဒီဇာတ်ကားကို ပိုပြီးအသက်ဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားပြီးတော့ သူတို့နှစ်ယောက်ကို ၀ိုင်းပြီး Ship ခဲ့ကြတဲ့အထိပါပဲ။ အဲဒါအပြင် ဇာတ်လမ်းဇာတ်ကွက်ကလည်း ကောင်းပြီး ပရိသတ်တွေကို အစအဆုံးဆွဲခေါ်သွားနိုင်ခဲ့ဇာတ်ကားတစ်ကားပါ။

9. Goblin(2017)

၂၀၁၇ခုနှစ်ရဲ့ အအောင်မြင်ဆုံးကားတစ်ကားလို့ပြောရင် မမှားပါဘူး။ဦးဦးမှင်စာရဲ့ Goblinကဇာတ်လမ်းသာမကဘဲ ဇာတ်ဝင်တေးသီချင်းတွေကလည်း နာထောင်လို့ အရမ်းကောင်းပါတယ်။

10.Descendents of the Sun(2016)

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ထွေထွေထူးထူးပြောစရာမလိုပါဘူး။ နောက်ပိုင်းနှစ်ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ အအောင်မြင်ဆုံးဇာတ်ကားတစ်ကားပါပဲ။နောက်နှစ်ပေါင်းဘယ်လောက်ကြာကြာ ကိုရီးယားဇာတ်လမ်းတွဲသမိုင်းမှာ လုံးဝချန်ထားလို့မရတဲ့ဇာတ်ကားတစ်ကားပါပဲ။ ဆုတွေလည်း အများကြီးရခဲ့ပါတယ်။ ဒီဇာတ်ကားတွေက လုံးဝအမိုက်စားတွေဖြစ်ပြီး K Drama ပရိသတ်တွေအားလုံး ကြည့်ဖူးမယ်လို့ထင်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားတွေဟာ K Drama သမိုင်းမှာ လုံးဝချန်ထားလို့မရတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ပရိသတ်တွေအနေနဲ့ ဘယ်ဇာတ်ကားကိုအကြိုက်ဆုံးလဲ၊ ဘယ်ဇာတ်ကားကို အစွဲလန်းဆုံးလည်းဆိုတာပြောခဲ့ကြပါဦး။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။