တိုင်းတစ်ပါးသားတွေနဲ့ ဖူးစာဆုံခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင် (၆) ယောက်

Posted on - Feb 28 []

Mia Zin

စာရေးသူ

"အချစ်စစ်မှန်ရင် ဘယ်အရာနဲ့မှ တားဆီးလို့မရဘူး" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက အသုံးအနှုန်းတွေဟာ ပြင်ပလောကမှာ လက်တွေ့ဖြစ်နေတယ်လို့ ဆိုရမလိုပါပဲ။ အခုဖော်ပြပေးမယ့် ကိုရီးယား အနုပညာရှင် ၆ ယောက်ဟာလည်း ဘာသာစကား အတားအဆီး၊ လူမျိုး အတားအဆီး၊ နိုင်ငံသား အတားအဆီး စသဖြင့် အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ပြီး ချစ်သူ တိုင်းတစ်ပါးသားတွေနဲ့ ဘ၀တစ်သက်စာ ရွှေလက်တွဲခဲ့ကြသူတွေဖြစ်ပါတယ်။

1. Choo Ja Hyun

Same Bed, Different Dreams 2 အစီအစဉ်နဲ့ လူသိများတဲ့ Choo Ja Hyun ဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်မင်းသား Yu Xiaoguang နဲ့ လက်ထပ်ခဲ့သူပါ။ ကိုရီးယားနဲ့ တရုတ်ပရိသတ်တွေကတော့ သူတို့အတွဲကို တော်တော်လေး ချစ်ကြတာကိုလည်း တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်အောက်တိုဘာလမှာတော့ Choo Ja Hyun မှာကိုယ်ဝန်ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။

2. Ham So Won

အသက် ၄၂ နှစ်အရွယ် တောင်ကိုရီးယားမင်းသမီး Ham So Won ကတော့ သူ့ထက်အသက် ၁၈ နှစ်ငယ်တဲ့ Idol သင်တန်းသားဟောင်း တရုတ်လူမျိုး အသက် ၂၄ နှစ်အရွယ် သူဌေးသား Jin Hua နဲ့လက်ထပ်မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကတော့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။

3. Shin Joo Ah

Shin Joo Ah ကတော့ ထိုင်းမီလျံနာ Saraut Rachanacun နဲ့ ၂၀၁၄ ဇူလိုင်လမှာ လက်ထပ်ခဲ့သူဖြစ်ပါတယ်။ Shin Joo Ah ဟာ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ဘန်ကောက်ကို အလည်အပတ်လာချိန်မှာ သူတို့နှစ်ယောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ Shin Joo Ah ဟာ မကြာသေးခင်က ကိုရီးယားရုပ်သံအစီအစဉ်တွေကို ပြန်လာခဲ့ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ဇိမ်ခံ အဆောက်အဦးအကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

4. Im Sang Hyo

မော်ဒယ်ကနေ သရုပ်ဆောင်အဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တဲ့ Im Sang Hyo ဟာ သူမရဲ့ခင်ပွန်းသည်နဲ့ ၂၀၁၄ ခုနှစ်က Jang Yoon Joo နဲ့ Hong Jin Kyung တို့နဲ့အတူ ခရီးထွက်ရင်း ပဲရစ်မှာတွေ့ဆုံခဲ့တာပါ။ တွေ့ဆုံပြီး တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။ သူ့ရဲ့ခင်ပွန်းသည်ကတော့ ထိုင်း မီလျံနာတစ်ယောက်ဖြစ်ပါတယ်။

5. Kim Tae Yong

Family Ties ရုပ်ရှင်ဒါရိုက်တာအဖြစ် လူသိများတဲ့ ဒါရိုက်တာ Kim Tae Yong ဟာ နာမည်ကျော် တရုတ်မင်းသမီးတစ်လက်ဖြစ်တဲ့ Tang Wei နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကိုတော့ Swedish film legend တစ်ယောက်ဖြစ်တဲ့ Ingmar Bergman ရဲ့နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

6. Chae Rim

ဂျင်ဆန်းမီလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးလေး Chae Rim ကတော့ တရုတ်မင်းသား Gao Ziqi နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့နောက်ဆုံး ဒရာမာဇာတ်ကားကတော့ Oh! My Lady ဖြစ်ပြီး Super Junior အဖွဲ့ဝင် Siwon နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလမှာတော့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ Chae Rim ရဲ့ ဇာတ်ကားတွေကို စောင့်မျှော်နေကြဆဲပါ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။