ချစ်သူကို ဆယ်တန်းကတည်းက Uranium မှာအကသွားသင်ရင်း Crushခဲ့ရတာပါ လို့ပြောလာတဲ့ ရဲရင့်အောင်

Posted on - Feb 29 []

Moe Kalay

စာရေးသူ

လူငယ်ပရိသတ်တွေအားကျနေရတဲ့ အရမ်းချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့ဟာဆိုရင် တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ကြည်နူးစရာပုံရိပ်ကလေးတွေကို လူမှု့ကွန်ယက်မှာ ချပြလေ့ရှိပါတယ်။ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အားပေးချစ်ခင်နေကြတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ် ကြီးအတွက် ဧငြိမ်းဖြူ ကို ဆယ်တန်းကျောင်းသားကတည်းက Crush ခဲ့ရတာပါလို့ ပြောလာတဲ့ ရဲရင့်အောင် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော်ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူနှစ်ဦးဟာဆိုရင် ချစ်သူသက်တမ်း ၃နှစ် ရှိပြီဖြစ်သလို တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နေကြတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ အဆိုတော် ရဲရင့်အောင် က သူ့ရဲ့ ချစ်သူလေး ကို သူဆယ်တန်းဖြေပြီးခါစကတည်းက ကြိတ် Crush ခဲ့ရတာပါလို့ အင်တာဗျူးတစ်ခုမှ ပြောထားပါတယ်။

ရဲရင့်အောင်က " ကျွန်တော် သူ့ကို ဆယ်တန်းဖြေပြီးခါစကတည်းက ကြိတ် Crush ခဲ့ရတာပါ ။ ကျွန်တော် ဆယ်တန်းဖြေပြီးခါစ ကျွန်တော်ဆိုတာ အဆိုတော် ရဲရင့်အောင် မဖြစ်ခင် Uranium မှာ အက သွားသင်တော့ သူက လာလာကြည့်တာ အဲဒီတုန်းက သူကျွန်တော့်ကို မသိဘူး ကျွန်တော်ကပဲ ကြိတ် Crush ခဲ့ရတာပါလို့ ပြောထားပါတယ်။

"ခုဆို ကျွန်တော် ငယ်ငယ်တုန်းက Crush ခဲ့ရတဲ့ သူကို ကျွန်တော် ပိုင်ဆိုင်ခွင့်ရလို့ ပျော်တယ်။ ကျွန်တော် အနားမှာ အမြဲရှိနေပေးလို့ အရမ်းကို ပျော်ရွှင်ပါတယ်လို့ ပြောထားပါသေးတယ်။

ရဲရင့်အောင် ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။


Moekalay
Source;myanmar celebrity

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။