“Nation’s Little Sister” အဖြစ်နဲ့ ရွေးချယ်သတ်မှတ်ခြင်းခံထားရတဲ့ အမျိုးသမီး အနုပညာရှင် (၁၀) ယောက်

Posted on - Feb 29 []

Mia Zin

စာရေးသူ

ကိုရီးယားလူမျိုးတွေဟာ အနုပညာရှင်တစ်ယောက်ကို သူတို့တွေအရမ်းချစ်နှစ်သက်ပြီဆိုရင် နိုင်ငံရဲ့ ပြယုဂ်တစ်ခုအနေနဲ့ သတ်မှတ်တန်ဖိုးထားလေ့ရှိသူတွေ ဖြစ်ပါတယ်။ ဥပမာဆိုရရင် “Nation’s First Love”, “Nation’s MC!”, “Nation’s Siblings”, “Nation’s Girl Group”, “Nation’s Boy Group”, “Nation’s Crown Prince” , “Nation’s Little Brother”, “Nation’s Little Sister” အစရှိသဖြင့်သော သတ်မှတ်ချက်လေးတွေနဲ့ သူတို့တွေကြိုက်နှစ်သက်ကြတဲ့ အနုပညာရှင်ကို တင်စားခေါ်ဝေါ်ကြပြီး အဲဒီလို သတ်မှတ်မှုပုံစံတွေထဲကမှ “Nation’s Little Sister” ဆိုတာကတော့ တောင်ကိုရီးယားလူမျိုးတွေရဲ့ အချစ်မေတ္တာတွေကို နွေးထွေးမှုအပြည့်နဲ့ တင်စားထားတဲ့ ဂုဏ်ပုဒ်လေးတစ်ခုဖြစ်ပါတယ်။ အခုတစ်ခါတင်ဆက်ဖော်ပြပေးချင်ကတော့ ဒီဂုဏ်ပုဒ်လေးကို ရရှိထားတဲ့ အမျိုးသမီးအနုပညာရှင် (၁၀) ယောက်ပဲ ဖြစ်ပါတယ်။ သူမတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Lim Ye Jin

၁၉၆၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသမီးကြီး Lim Ye Jin ကတော့ ၁၉၇၄ ခုနှစ်မှာစတင်ပွဲထွက်ခဲ့တာဖြစ်ပြီး “Nation’s Little Sister” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရဲ့ မူလပထမပိုင်ရှင် ဖြစ်ပါတယ်။ သူမ စတင်ပွဲထွက်အချိန်မှာ သူမရဲ့ အသက်က ၁၄ နှစ်အရွယ်သာရှိသေးတာမို့လို့ ငယ်ရွယ်နုပျိုမြစ်နေတဲ့ သူမရဲ့ပုံရိပ်ဟာ “Nation’s Little Sister” ဆိုတဲ့ သတ်မှတ်ချက်လေးနဲ့ လိုက်ဖက်လွန်းနေခဲ့ပါတယ်။ အခုအချိန်မှာတော့ သူမဟာ “Nation’s Little Sister” ဆိုတဲ့ နာမည်တစ်ခုကို သူမရဲ့ ဂျုနီယာတွေကို လွှဲပြောင်းပေးထားပြီးပြီဖြစ်ပေမယ့်လည်း တောင်ကိုရီးယားလူမျိုးတွေများစွာရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိထားဆဲပါပဲ။

2. Lee Sang Ah

၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ပွဲထွက်ခဲ့တဲ့မင်းသမီးကြီး Lee Sang Ah ကတော့ ပွဲထွက်ချိန်တုန်းက အသက် ၁၂ နှစ်အရွယ်သာရှိသေးတာ ဖြစ်ပါတယ်။ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ အောင်မြင်မှုတွေက မြင့်မားလာခဲ့ပြီး ပရိသတ်တွေက သူမကို “Nation’s Little Sister” အဖြစ်နဲ့ သတ်မှတ်ပေးခဲ့ပါတယ်။

3. Jang Nara

Lee Sang Ah ရဲ့ နောက်မှာတော့ “Nation’s Little Sister” ဆိုတဲ့ နာမည်နဲ့ သတ်မှတ်ခံရသူ ထွက်ပေါ်လာခဲ့ခြင်းမရှိပဲ နှစ်အတန်ကြာထိငြိမ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာပရိသတ်တွေက ရွေးနီမလေးလို့ သိကြတဲ့ Jang Nara တစ်ယောက် ပွဲထွက်ပြီးတဲ့ ၂၀၀၁ ခုနှစ်မှာတော့ သူမဟာ “Nation’s Little Sister” အဖြစ်နဲ့ အရွေးချယ်ခံခဲ့ရပါတယ်။

4. Moon Geun Young

အွန်စောအငယ်လေးလို့ မြန်မာပရိသတ်တွေကသိကြတဲ့ မင်းသမီး Moon Geun Young ကတော့ ၁၉၉၉ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့ပေမယ့်လည်း “Nation’s Little Sister” အဖြစ်နဲ့ကတော့ ၂၀၀၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ My Little Bride ရုပ်ရှင်ကားနောက်ပိုင်းမှာမှ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

5. Sohee

Wonder Girls ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sohee ကတော့ “Nation’s Little Sister” အဖြစ်နဲ့ ပထမဆုံးသတ်မှတ်ခံရတဲ့ Idol ဖြစ်ပါတယ်။ Wonder Girls ရဲ့ အောင်မြင်မှုနဲ့အတူ အဖွဲ့ရဲ့ အသက်အငယ်ဆုံးဖြစ်တဲ့ သူမဟာလည်းပဲ ဒီလိုမျိုး သတ်မှတ်ခံခဲရတာဖြစ်ပြီး သူမရဲ့ ချစ်စရာကောင်းလှတဲ့ပုံစံဟာလည်းပဲ အဲဒီနာမည်လေးနဲ့ လိုက်ဖက်မှုရှိခဲ့ဖူးပါတယ်။

6. Yuna Kim

တောင်ကိုရီးယားလူမျိုးတွေဟာ သူတို့နိုင်ငံရဲ့ဂုဏ်ကို မြင့်တတ်အောင်လုပ်ပေးတဲ့ အားကစားသမားတွေ၊ အနုပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို တန်ဖိုးထားတတ်ကြပါတယ်။ အဲဒီလို တန်ဖိုးထားခံရတဲ့သူတွေထဲမှာ စကိတ်မယ် Yuna Kim လည်း အပါအ၀င်ပါပဲ။ နိုင်ငံနဲ့ လူမျိုးဂုဏ်ကို မြှင့်တင်ပေးခဲ့တဲ့ သူမဟာ တောင်ကိုရီးယားနိုင်ငံရဲ့ “Nation’s Little Sister” အဖြစ်နဲ့ ရွေးချယ်သတ်မှတ်ခံခဲ့ရဖူးသူတစ်ယောက် ဖြစ်ပါတယ်။

7. IU

၂၀၀၈ ခုနှစ်မှာ ပွဲထွက်ခဲ့တဲ့ IU ကတော့ ၂၀၁၀ ခုနှစ်မှာ Nation’s Little Sister အဖြစ်နဲ့ သတ်မှတ်ခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုတော်အဖြစ်နဲ့ရော သရုပ်ဆောင်အဖြစ်နဲ့ပါ အောင်မြင်နေတဲ့ သူမရဲ့ နောက်မှာတော့ အဆိုပါ Nation’s Little Sister ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်တဲ့အနုပညာရှင်ရယ်လို့ အတိအကျထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။

8. Kim Sae Ron – Kim Yoo Jung – Kim So Hyun

ကလေးသရုပ်ဆောင်အဖြစ်နဲ့ စတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတွေအဖြစ်နဲ့ ရိုက်ကူးနေပြီဖြစ်တဲ့ Kim Sae Ron, Kim Yoo Jung နဲ့ Kim So Hyun တို့ ၃ ယောက်ကတော့ “Nation’s Little Sister” ဆိုတဲ့ နာမည်နဲ့ အလိုက်ဖက်ဆုံးသော အမျိုးသမီးအနုပညာရှင်တွေဖြစ်တယ်ဆိုပေမယ့်လည်း ဘယ်သူ့ကိုမှတော့ အတိအကျရွေးချယ်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီ ၃ ယောက်ထဲကပဲ “Nation’s Little Sister” အဖြစ် ရွေးချယ်သတ်မှတ်ခံရမယ်ဆိုတာကတော့ သေချာတယ်လို့ ဆိုထားကြပါတယ်။

ပရိသတ်ကြီးတို့ကရော သူမ ၃ ယောက်ထဲက ဘယ်သူက “Nation’s Little Sister” အဖြစ်နဲ့ ရွေးချယ်ခံရမယ်လို့ ထင်ပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။