စွန့်ပစ်သွားတဲ့မိခင်က Goo Hara ရဲ့ပိုင်ဆိုင်မှုကို ရယူဖို့ ကြိုးစားခဲ့ရာမှာ အကိုနဲ့ အဖေဖြစ်သူတို့ကန့်ကွက်

Posted on - Mar 10 []

Gunner Ksr

စာရေးသူ


Goo Hara ရဲ့မိခင်က ပိုင်ဆိုင်မှုတွေရဲ့ (၅၀) ရာခိုင်နှုန်းကို ကိုယ်စားလှယ်တွေနဲ့အတကွ ရယူဖို့ ကြိုးပမ်းခဲ့ရာမှာတော့ပြဿနာဖြစ်ပွားခဲ့တာပါ။ Kara အဖွဲ့ဝင်ဟောင်း Goo Hara ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ သူ့မကိုယ်သူမ အဆုံးစီရင်သွားခဲ့တာပါ။ Goo Hara ဟာ ကွယ်လွန်သွားတာ (၃) လကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သူမရဲ့ပိုင်ဆိုင်မှုတွေကို ခွဲဝေတာနဲ့ ပတ်သက်ပြီး မိသားစုကြား အငြင်းပွားလျက်ရှိနေတာပါ။

အထူးသဖြင့် Goo Hara ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူက အခုအခါ Goo Hara ရဲ့ ပိုင်ဆိုင်မှု (၅၀) ရာခိုင်နှုန်းကို တောင်းယူဖို့ ကြိုးစားခဲ့ရာမှာတော့ အကိုနဲ့ အဖေဖြစ်သူတို့က လုံးဝလက်မခံနိုင် ဖြစ်နေတာပါ။Goo Hara ရဲ့မိခင်က ကိုယ်စားလှယ်နဲ့ တောင်းယူဖို့ ကြိုးစားရာမှာတော့ အကိုဖြစ်သူက ပြန်လည်တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

"သူ့အမေရဲ့တောင်းဆိုမှုကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ သူက Goo Hara တို့ ငယ်ငယ်လေးကတည်းက စွန့်ပစ်ပြီး အိမ်ကထွက်သွားခဲ့တာ။ ဒါကြောင့် သူအနေနဲ့ Goo Hara ရဲ့ပိုင်ဆိုင်မှုကိုရဖို့ ဘယ်လိုလုပ်အခွင့်အရေးရှိနိုင်မှာလဲ။ Hara နဲ့ သူ့အကိုက ကျောင်းနေစဉ်အရွယ်ကတည်းက အမေမရှိဘဲ ဘဝကိုဖြတ်သန်းခဲ့ရတာ"လို့ Goo Hara ရဲ့ဖခင်က ဆိုခဲ့ပါတယ်။

Goo Hara ရဲ့အကိုဖြစ်သူလကည်း "Hara (၉) နှစ်အရွယ်ကတည်းက အမေက အိမ်ကနေ ထွက်သွားခဲ့တာပါ။ အဲဒီနောက် Goo Hara ဟာ ဘဝကို ရုန်းကန်ရင်ဖြတ်သန်းခဲ့ရတယ်။ အဖေက ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို ကြည့်ရှုခဲ့တာပါ"လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။