မိန်းမကိစ္စနဲ့ပတ်သက်ပြီး ရော်နယ်ဒိုအပေါ် သဘောထားကြီးစွာ ခွင့်လွှတ်ပေးခဲ့ဖူးတဲ့ဖီဂို

Posted on - Jun 30 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီဂန္ထ၀င်ကစားသမားကြီးဖီဂိုကတော့ မိန်းမကိစ္စနဲ့ပတ်သက်ပြီး ဘရာဇီးဂန္ထ၀င်တိုက်စစ်မှူးရော်နယ်ဒိုအပေါ် သဘောထားကြီးစွာနဲ့ ခွှင့်လွတ်ပေးခဲ့ဖူးတဲ့အကြောင်း ဖွင့်ဟသွားခဲ့တာပါ။ ရော်နယ်ဒိုနဲ့ ဖီဂိုတို့ဟာ ရီးရဲမက်ဒရစ်အသင်း အချိန်တစ်ခုကြာ တွဲကစားလာခဲ့ကြသူတွေပါ။ သူတို့နှစ်ယောက်စလုံးဟာ ရီးရဲအသင်းမှာ အတွဲညီညီကစားပြီး ခြေစွမ်းပြကာ အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ရော်နယ်ဒိုဟာ သူ့ရဲ့ဘရာဇီးအသင်းဖော်ကားလို့စ်နဲ့ပေါင်းကာ ညဘက်တွေမှာ အပြင်ထွက်လေ့ရှိပါတယ်။ ရော်နယ်ဒိုရဲ့ဒီအမူအကျင့်ကို ရီးရဲဥက္ကဋ္ဌပီရက်ဇ်က သဘောမတွေ့ဖြစ်ကာ ညဘက်အပြင်ထွက်တာ လျှော့သင့်ကြောင်း ဆိုခဲ့တာပါ။

ပီရက်ဇ်က ညဘက်အိမ်မှာပဲ အမြဲနေတဲ့ ဖီဂိုနဲ့ နှိုင်းယှဉ်ကာ၊ ဖီဂိုကို အတုယူသင့်ကြောင်း ရော်နယ်ဒိုကို ပြောခဲ့တာပါ။ အဲဒီမှာ ရော်နယ်ဒိုက "ဖီဂိုရဲ့မိန်းမကို ကျွန်တော် ရရင်တော့ သူ့လိုအိမ်မှာပဲ နေမယ်"လို့ ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဖီဂိုရဲ့ဇနီးဟာ ချောမောလွန်းပြီး မက်ဒရစ်ရဲ့ထင်ပေါ်ကျော်ကြားသူဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့အဲဒီစကားကို ဖီဂိုက ပြန်ကြားခဲ့ပါတယ်။ "ရော်နယ်ဒိုရဲ့အဲဒီစကားကို ကျွန်တော်ပြန်ကြားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်သူ့အပေါ် ဘာစိတ်မှမရှိဘဲ ခွင့်လွှတ်ပေးလိုက်ပါတယ်။ သူက အ၀တ်လဲခန်းမှာလည်း အဲဒီလိုအမြဲစနောက်နေကြလေ"လို့ ဖီဂိုက ဖွင့်ဟသွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖီဂိုရဲ့ဇနီးဟာ ချောမောလွန်းပြီး မက်ဒရစ်ရဲ့ထင်ပေါ်ကျော်ကြားသူဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့အဲဒီစကားကို ဖီဂိုက ပြန်ကြားခဲ့ပါတယ်။ ဖီဂိုနဲ့ ရော်နယ်ဒိုကြီးတို့ကြားထဲက သံယောဇဉ်ကတော့ တကယ့်ကိုကြည်နူးစရာလို့ပဲ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။