“Fight For My Way” ဇာတ်လမ်းတွဲက ဖြစ်ရပ်မှန်ကို အခြေခံထားခဲ့တာလို့ ဇာတ်ညွှန်းဆရာ ဖွင့်ဟ

Posted on - Mar 12 []

Gunner Ksr

စာရေးသူ

၂၀၁၇ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ Fight My Way ဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Park Seo-joon
နဲ့ Kim Ji-won တို့က အဓိကပါဝင်ခဲ့တာပါ။

အမှန်တကယ်တော့ ဒီဇာတ်လမ်းတွဲဟာ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဇာတ်ညွှန်းရေးဆရာ Lim Sang Chun က ဖွင့်ဟသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တောင်ကိုရီးယား MMA ဖိုက်တာဖြစ်တဲ့ Choo Sung Hoon နဲ့ Yano Shiho တို့ ဇနီးမောင်နှံကို တွေ့မြင်ပြီး ရေးခဲ့တာလို့ ဇာတ်ညွှန်းရေးဆရာက ဆိုပါတယ်။

Choo Sung Hoon ရဲ့ MMA တစ်ပွဲကို မျက်ရည်တွေနဲ့ ကြည့်နေတဲ့ ဇနီး Shiho ကိုမြင်တွေ့ပြီး ဒီဇာတ်ညွှန်းကို ရေးသားဖို့ အကြံဥာဏ်ရခဲ့တာလို့ Lim Sang Chun က ဆိုပါတယ်။ MMA သမားတွေရဲ့ဘ၀ဟာ အလွန်ခက်ခဲတယ်လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

"ဖိုက်တာတွေရဲ့ မိသားစုဝင်တွေဟာ သူတို့ထိုးသတ်တဲ့ပွဲစဉ်တွေကို ဘယ်လောက်ခက်ခဲစွာ ကြည့်ရသလဲဆိုတာမျိုးတွေ ကျွန်တော် ကြားရပါတယ်။ ဒီအတွက် ၀မ်းနည်းရတယ်။ MMA ဖိုက်တာတွေဟာ မိန်းမတွေကြိုက်တယ်။ အရက်သောက်ရတာကြိုက်တယ်လို့ လူအများစုက ယုံကြည်ထားကြတယ်။ သူတို့ဟာ ကျန်းမာရေးကို အရမ်းဂရုစိုက်ရတယ်။ သူတို့အပေါ် လူတွေအထင်မှားနေတာကို ကျွန်တော် ဖယ်ရှားပစ်ချင်ခဲ့တာပါ"လို့ Choo Sung Hoon က ဆိုခဲ့ပါတယ်။

Park Seo-joon နဲ့ Kim Ji-won တို့ဟာလည်း ဒီဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးစုံတွဲဆုကို ရရှိသွားခဲ့ပါတယ်။

Ref: Koreaboo

Momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။