Park Hyung Sik အပေါ် သဘောကျမိခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ Park Bo Young

Posted on - Mar 14 []

Gunner Ksr

စာရေးသူ

Strong Woman Do Bong Soon ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Park Hyung Sik အပေါ် သူမအနေနဲ့ သဘောကျမိခဲ့တယ်လို့ Park Bo Young က ဖွင့်ဟခဲ့တာပါ။၂၀၁၇ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Strong Woman Do Bong Soon ထဲမှာ မင်းသမီး Park Bo Young နဲ့ မင်းသား Park Hyung Sik တို့ဟာ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတာပါ။

သူတို့နှစ်ယောက်ကို ပရိသတ်တွေက သဘောတူတဲ့အထိ ဖြစ်ခဲ့ကြတာပါ။ အဲဒီဇာတ်လမ်းတွဲပြီးကတည်းက သူတို့နှစ်ယောက်ဟာ အင်တာဗျူးတွေမှာ တစ်ယောက်အကြောင်း တစ်ယောက် ပြောဆိုခဲ့ကြပါတယ်။ Park BoYoung ကတော့ Park Hyung Sik အပေါ် ခံစားချက်တွေကို ဖွင့်ဟလာခဲ့တာပါ။

"ZE:A အဖွဲ့နဲ့ Hyung Sik တစ်ယောက် Idol အဖြစ် ပွဲထွက်ပြီးကတည်းက ကျွန်မမျက်စီကျခဲ့တာပါ။ သီချင်းခေါင်းစဉ်တွေအကုန်လုံးကို ကျွန်မနှလုံးသားထဲမှာ မှတ်ထားပါတယ်။ Strong Woman Do Bong Soonဇာတ်လမ်းတွဲ ရိုက်တုန်းကလည်း Hyung Sik ဟာ ZE:A ရဲ့သီချင်းတွေကို ကပြခဲ့တယ်"လို့ Park Bo Young က ဖွင့်ဟခဲ့တာပါ။

Park Bo Young ဟာ ချစ်စရာကောင်းသူတစ်ယောက်လို့လည်း Hyung Sik က ဝန်ခံထားခဲ့ပါတယ်။ Park Bo Young နဲ့ Hyung Sik တို့ဟာ ဇတ်လမ်းတွဲထဲမှာသာမက အပြင်မှာလည်း လိုက်ဖက်လွန်းတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။

#momopop

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။