Hwasa ရဲ့ No Bra ဖက်ရှင်အပေါ် MAMAMOO အဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လိုရှိသလဲ

Posted on - Mar 15 []

Gunner Ksr

စာရေးသူ

Hwasa ရဲ့ No Bra ဖက်ရှင်နဲ့ ပတ်သက်ပြီး MAMAMOO အဖွဲ့ဝင်တွေက အခုလို ပြောကြားသွားခဲ့ပါတယ်။ MAMAMOO အဖွဲ့ဝင် Hwasa ရဲ့ လေဆိပ်ကိုသွားတုန်းက No Bra ဖက်ရှင်ဟာ K-pop ပရိသတ်တွေကြားထဲမှာ ရေပန်စားပြီး ဂယက်ထသွားခဲ့တာပါ။ ဝေဖန်သူတွေ၊ ထောက်ခံသူတွေနဲ့ သူမရဲ့ဖက်ရှင်ဟာ ပွဲဆူသွားခဲ့တာပါ။

ကိုရီးယားပရိသတ်တွေကလည်း Hwasa ရဲ့ No Bra ဖက်ရှင်ကို ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့ Hwasa ကတော့ သူမကိုယ်သူမအမြဲယုံကြည်မှုရှိခဲ့သလို MAMAMOO အဖွဲ့ဝင်တွေကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Hwasa ဘက်ကနေ ရပ်တည်ခဲ့ကြပါတယ်။

HIP သီချင်းအတွက် MAMAMOO အဖွဲ့ဝင်တွေ ပရိုမိုးရှင်း ပြုလုပ်စဉ်မှာ No Bra ဖက်ရှင်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ "ကျွန်မက အမြဲတမ်း သဘာဝကျကျနဲ့ သက်သောင့်သက်သာနဲ့ နေတတ်ပါတယ်။ ဒါက တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး"လို့ Hwasa က ဖြေခဲ့ပါတယ်။

MAMAMOO အဖွဲ့ခေါင်းဆောင် Solar ကလည်း "ကျွန်မတို့ လုပ်သမျှကို ကျေနပ်ပြီး ယုံကြည်မှုရှိရပါမယ်။ ဒါက ပြစ်မှုမဟုတ်သေးသရွှေ့ ယုံကြည်ချက်ရှိရပါမယ်"လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် တခြားအဖွဲ့ဝင်တွေကလည်း Hwasa ဘက်က ကာကွယ်ခဲ့ကြတာပါ။

Momopop

Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။