အနီကတ် (၈) ကတ်အထိ ပြသခံခဲ့ရတဲ့အထိ ကြမ်းလွန်းခဲ့တဲ့ ဂရိုမီယိုနဲ့ အင်တာနေစီယွန်တို့ရဲ့ပွဲစဉ်

Posted on - Jun 16 []

Gunner Ksr

စာရေးသူ

နှစ်ဖက်ပေါင်း အနီကတ် (၈) ကတ်အထိ အပြခံခဲ့ရအထိ ဒိုင်လူကြီးတွေတောင် ထိန်းမနိုင်တော့တာပါ။ Copa Libertadores ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂရိုမီယိုနဲ့ အင်တာနေစီယွန်တို့ရဲ့ပွဲစဉ်ကတော့ ဂိုးမရှို သရေနဲ့ပြီးဆုံးသွားခဲ့တာပါ။ ဂိုးမရှို သရေဆိုပေမယ့် ဒီပွဲစဉ်က ပရိသတ်တွေအတွက်တော့ ပျင်းစရာကောင်းတဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ နှစ်ဖက်စလုံးရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုကြောင့် ဒီပွဲစဉ်မှာ အနီကတ် (၈) ကတ် အပြခံခဲ့ရတဲ့အထိ တော်တော်လေးကြမ်းတမ်းလွန်းခဲ့တာပါ။

ပွဲအစပိုင်းမှာကတည်းက နှစ်ဖက်အသင်းစလုံးဟာ ခပ်ကြမ်းကြမ်း ကစားနေခဲ့တာပါ။ ဒါပေမဲ့ ကွင်းလယ်ဒိုင်က အ၀ါကတ်တွေ ထိထိရောက်ရောက် ပြသခြင်း မရှိဘဲ ပွဲကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဂရိုစီယိုအသင်းရဲ့တိုက်စစ်ကို ဟန့်တားတဲ့နေရာမှာ အင်တာနေစီယွန်က ခပ်ကြမ်းကြမ်းပိုမိုကစားလာခဲ့ပါတယ်။ ဒီအချိန်မှာတော့ ကွင်းလယ်ဒိုင်က အ၀ါကတ်တွေ အသုံးပြုခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် (၈၈) မိနစ်မှာတော့ ပြဿနာစတင်ခဲ့တာပါ။

အင်တာနေစီယွန်နောက်ခံလူဘာဘိုဆာက ဂရိုမီယိုကစားသမားပီပီကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ပီပီက မကျေနပ်ဘဲ ရန်ရှာဖို့ ကြိုးစားရာမှာတော့ နှစ်ဖက်ကစားသမားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ရပါတယ်။ အဲဒီနောက် အရန်ခုံတန်းက ကစားသမားတွေ၊ နည်းပြတွေပါ ပါဝင်လာခဲ့ပြီး ဘယ်လိုမှ ထိန်းမရတဲ့အဆုံး ကွင်းလယ်ဒိုင်က နှစ်သင်းပေါင်း အနီကတ် (၈) ကတ်အထိ ပြသခဲ့ရပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။