Irene ရဲ့ ရုပ်ပုံကို နမ်းခဲ့ပြီး စော်ကားတဲ့ စကားတွေ တွင်တွင်ပြောဆိုခဲ့တဲ့ နာမည်ကျော် You Tuber

Posted on - Mar 17 []

Gunner Ksr

စာရေးသူ

အဲဒီ You Tuber ဟာ Irene ရဲ့ရုပ်ပုံကို နမ်းခဲ့တဲ့အပြင် ရင့်သီးကြမ်းကြုတ်တဲ့စကားတွကိုပါ ပြောဆိုခဲ့တာပါ။ နာမည်ကျော် ကိုရီးယား You Yuber တစ်ယောက်ဖြစ်တဲ့ Dukchul ဟာ Red Velvet အဖွဲ့ခေါင်းဆောင် Irene ရဲ့ ရုပ်ပုံကိုကိုင်ကာ လမ်းအနှံ့လျှောက်သွားပြီး စော်ကားမော်ကား စကားတွေပြောကာ ပြုမူမိခဲ့လို့ ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။

Dukchul ဟာ Irene ရဲ့ရုပ်ပံကို ကိုင်ကာ လမ်းအနှံ့လျှောက်သွားနေခဲ့ပြီး ပထမဆုံး သူမရဲ့ကိုယ်ခန္ဓာကို စတင်စော်ကားပြောဆိုခဲ့ပါတယ်။ "မင်းဘာလို့ အရမ်းလေးနေတာလဲ။ ၀ိတ်ချဖို့ လိုနေပြီ။ အစားစားမယ့်အစား လေ့ကျင့်ခန်းလေးလုပ်ဦး"လို့ Dukchul က ဆိုခဲ့တာပါ။

အဲဒီနောက် Dukchul က Irene ရုပ်ပုံနဲ့ အ၀တ်အစားနဲ့ ပတ်သက်ပြီးလည်း ပြောဆိုခဲ့ပါတယ်။ "အချစ်ရေ....ဒီလောက်ရုပ်ပျက်တဲ့အ၀တ်မျိုး ဘာလို့ ၀တ်ထားရတာလဲ။ တခြားယောက်ျားလေးတွေ ကြည့်နေပြီ။ ဒီလိုမျိုး အ၀တ်တွေ ထပ်မ၀တ်နဲ့"လို့ Dukchul က ဆိုခဲ့ပြန်ပါတယ်။

ဆက်လက်ပြီး Dukchul က Irene ရဲ့ရုပ်ပုံကို နမ်းလိုက်ကာ သူ့ရဲ့ရည်စားသဖွယ် ပြုမူခဲ့ပါတယ်။ အဲဒီအခါမှာတော့ လမ်းသွားလမ်းလာတွေက သူ့ရဲ့အပြုအမူကို အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို တင်ခဲ့ရာမှာတော့ ပရိသတ်တွေက တော်တော်လေး ဒေါသထွက်ခဲ့ကြတာပါ။

"မင်း ဘာလုပ်တာလဲ။ Irene မြင်ရင် ဘယ်လိုခံစားရမလဲဆိုတာ မတွေးမိဘူးလား" "ဒါကိုကြည့်ရတာ လုံးဝ စိတ်မသက်သာစရာပဲ။ မင်းက မတော်မတရားပြုမူပြီး Body Shaming လုပ်နေတာပဲ။ Irene နဲ့ Red Velvet ပရိသတ်တစ်ယောက်အနေနဲ့ အရမ်း ဒေါသထွက်မိတယ်"လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

mompop

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။