ဒေါသအလွန်အမင်းထွက်ကာ ကွင်းလယ်ဒိုင်ကို တိုက်ခိုက်ခဲ့ကြတဲ့ နာမည်ကျော်ကစားသမားများ

Posted on - Jun 15 []

Gunner Ksr

စာရေးသူ

ဒီနာမည်ကျော်တွေကာ ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အခါ လုံးဝစိတ်ထိန်းလို့ မရခဲ့တော့တာပါ။ ဘောလုံးသမားတွေဟာ ကွင်းထဲမှာ ကိုယ့်အသင်းအနိုင်ရဖို့အတွက် အားမာန်အပြည့်နဲ့ ယှဉ်ပြိုင်နေရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့အချိန်တွေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေက သူတို့အတွက် နစ်နာတာမျိုး ရှိသွားတဲ့အခါ စိတ်မထိန်းနိုင်ဘဲ ဒေါသငယ်ထိပ်ရောက်သွားတတ်တာကို တွေ့ရပါတယ်။

စီရော်နယ်ဒို

စီရော်နယ်ဒိုဟာ ကွင်းထဲမှာဆိုရင် စိတ်ကြီးတတ်သူတစ်ယောက်ပါ။ ၂၀၁၇ ခုနှစ်အတွင်း ကစားခဲ့တဲ့ အယ်ဂလက်စီကိုပွဲစဉ်မှာ စီရော်နယ်ဒိုတစ်ယာက် ဟန်ဆောင်လှဲချခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က (၂) ၀ါ (၁) နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် စီရော်နယ်ဒိုက ဒေါသအလွန်ထွက်သွားပြီး ဒိုင်ကိုနောက်ကနေ တွန်းခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် စီရော်နယ်ဒိုဟာ (၅) ပွဲအပယ်ခံခဲ့ရပါတယ်။

မက်ဆီ

စီရော်နယ်ဒိုအကြောင်း ပြောပြီးတော့ မက်ဆီအကြောင်း ပြောမှမျှတမှာပါ။ မက်ဆီလည်း အယ်ဂလက်စီကိုပွဲစဉ်မှာပဲ။ ၂၀၀၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ အယ်ဂလက်စီကိုပွဲမှာ မက်ဆီက ရာအူးလ်နဲ့ ဘောလုံးယှဉ်လုရင်း ရာအူးလ်တွန်းတာကို ခံလိုက်ရပါတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင်က ရီးရဲဘက်ကိုပဲ ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။ ဒီအခါမှာတော့ မက်ဆီဟာ ဒေါသထွက်သွားပြီး ကွင်းလယ်ဒိုင်က တွန်းခဲ့တာပါ။ ဒါပေမဲ့ ဘာကတ်မှာ အပြမခံခဲ့ရပါဘူး။

ဂျယ်ဆင်မာတင်

ဒါကတော့ လောလောလတ်လတ် ပြစ်ပျက်သွားခဲ့တာပါ။ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျယ်ဆင်မာတင်ဟာ ကွင်းလယ်ဒိုင်ကို (၂) ကြိမ်တိုင်တိုင် တွန်းထိုးခဲ့တာပါ။ ဒါက မာတင်အတွက်တော့ ပေးဆပ်မှုကြီးမားခဲ့ရတယ်။ သူဟာ တိုက်ရိုက်အနီကတ် အပြခံရရုံမက (၆) လအထိ ပွဲပယ်ခံခဲ့ရပါတယ်။

အာဆင်ဝင်းဂါး

နောက်တစ်ယောက်ကတော့ ကစားသမားမဟုတ်ဘဲ အာဆင်နယ်ဂန္ထ၀င်နည်းပြအာဆင်ဝင်းဂါးပါပဲ။ အာဆင်ဝင်းဂါးဟာ လူအများ လေးစားရတဲ့နည်းပြတစ်ဦးဖြစ်ပေမယ့် သူဟာ စိတ်ကြီးသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဟာ ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက် မကျူးလွန်ပေမယ့် အင်တာဗျူးတွေမှာ အမြဲတမ်း အပြစ်တင်လေ့ရှိသူပါ။


Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။