BTS ရဲ့ အောင်မြင်မှုသော့ချက်ကို အဖွဲ့ခေါင်းဆောင် RM မချွင်းမချန် ဖွင့်ဟ

Posted on - Mar 18 []

Gunner Ksr

စာရေးသူ

BTS အဖွဲ့ရဲ့အောင်မြင်မှုသော့ချက်ကို RM တစ်ယောက် ဖွင့်ဟခဲ့ရာမှာတော့ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။BTS အဖွဲ့ရဲ့ လတ်တလော အောင်မြင်မှု အရှိန်အ၀ါကတော့ ကြောက်ခမန်းလိလိလို့ ဆိုရမှာပါ။ BTS ဟာ အာရှမှာသာမက အနောက်တိုင်းအထိပါ အောင်မြင်မှု ကြီးကြီးမားမား ရရှိထားနေတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။

သူတို့နဲ့တွဲပြီး Collaboration လုပ်ချင်းတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေလည်း အများအပြားရှိတဲ့အထိ BTS ရဲ့အောင်မြင်မှုက တဟုန်ထိုးမြင့်တက်နေတာပါ။ BTS အဖွဲ့ဘာလို့ ဒီလေက်အထိ အောင်မြင်ကျော်ကြားလာရတာလဲ။

ဒါကိုတော့ Naver နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ BTS အဖွဲ့ဝင်တွေက ဖွင့်ဟသွားခဲ့ပါတယ်။ BTS အဖွဲ့ခေါင်းဆောင် RM ကတော့ သူတို့ရဲ့အောင်မြင်မှုမှာ ရိုးသားမှုကအဓိကသော့ချက်ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

"BTS အဖွဲ့ဝင်တွေဟာ အရည်အချင်းပြည့်ဝကြပါတယ်။ အားလုံးကို ခြုံကြည့်ရင်တော့ ကျွန်တော်တို့ရဲ့အောင်မြင်မှုမှာ ရိုးသားမှုနဲ့ ကျွမ်းကျင်မှုက အဓိကကျပါတယ်။ ရိုးသားမှုကတော့ လူတွေအားလုံး မြင်နိုင်တဲ့အရာပါ။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့လို အဆိုတော်တွေဟာ ကိုယ့်ရဲ့ဖျော်ဖြေမှုဟာ အကောင်းဆုံးဖြစ်သင့်တာပါပဲ"လို့ RM က ဖွင့်ဟသွားခဲ့ပါတယ်။ ဆက်လက်ပြီး RM က သူတို့အဖွဲ့ကို စင်ပေါ်တင်ပေးခဲ့တဲ့ Bang PD ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

momopop

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။