စိတ်ဝင်စားစရာကောင်းလွန်းနေတဲ့ ဘောလုံးလောကမှာ အစိမ်းကတ်တွေ အသုံးပြုကြပုံ

Posted on - Jun 25 []

Gunner Ksr

စာရေးသူ

အစိမ်းကတ်ရဲ့ အသုံးဝင်ပုံဟာ တစ်နေရာနဲ့တစ်နေရာ မတူညီကြဘဲ စိတ်ဝင်စားစရာကောင်းလွန်းနေပါတယ်။ လက်ရှိဘောလုံးလောကအတွင်းမှာ အ၀ါကတ်နဲ့ အနီကတ်တို့ဟာ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့၊ ဒိုင်လူကြီးလူတွေ အသုံးများတဲ့ ကတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတ်ထဲတင် မကဘဲ ဒိုင်လူကြီးတွေ အသုံးပြုရတဲ့နောက်ထပ် တစ်ကတ်လည်း ရှိနေပါတယ်။ အဲဒါကတော့ အစိမ်းကတ်ပါပဲ။ အစိမ်းကတ်ကတော့ အ၀ါနဲ့ အနီလို ကစားသမားတွေကို အပြစ်ပေးတဲ့အနေနဲ့ ပြတာမဟုတ်ဘဲ သူ့ရဲ့အသုံးပြုပုံက ကွဲပြားပါတယ်။

မူလစင်စစ်တော့ ဘောလုံးလောကမှာ အစိမ်းကတ်ကို ဆေးအဖွဲ့ဝင်တွေအတွက်အ သုံးပြုရတာပါ။ ကစားသမားတွေ ဒဏ်ရာရဖို့ ဆေးအဖွဲ့ဝင်တွေက ကွင်းထဲဝင်တာထဲဖြစ်ဖြစ်၊ ဒဏ်ရာကို ကုသပြီးသွားတဲ့ ကစားသမားအနေနဲ့ ကွင်းထဲပြန်ဝင်တဲ့အခါမျိုးမှာဖြစ်ဖြစ် ကွင်းလယ်ဒိုင်က အစိမ်းကတ်ကို အသုံးပြုကြပါတယ်။

၂၀၀၃ ခုနှစ်အရောက်မှာတော့ ဘောလုံးစည်းမျဉ်းတွေကို ရေးဆွဲတဲ့ IFAB က ဒီစည်းမျဉ်းကို ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ ဒိုင်လူကြီးတွေက ဒီလိုအခြေအနေမျိုးမှာ လက်တစ်ဖက်ကိုမြှောက်ပြီးပဲ အချက်ပြခဲ့ရတာပါ။ ဒါပေမဲ့ အစိမ်းကတ်ကတော့ ဘောလုံးလောကမှာ ကွယ်ပျောက်သွားခြင်း မရှိဘဲ နောက်ထပ်နည်းလမ်းတစ်ဖုံနဲ့ ၀င်ရောက်လာခဲ့ပြန်ပါတယ်။

အီတလီမှာတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ကိုဂုဏ်ပြုတဲ့အခါမှာ အစိမ်းကတ်ကို ပြပါတယ်။ ဥပမာ ဒိုင်လူကြီးက ပင်နယ်တီမှားပေးလိုက်တဲ့အခါမျိုးမှာဖြစ်ဖြစ် ကစားသမားက သူ့အနေနဲ့ မထိခိုက်မိကြောင်း ၀န်ခံတဲ့အခါမျိုးမှာ၊ နှစ်ဖက်ကစားသမား ရန်ဖြစ်နေတဲ့အခါမျိုးမှာ ဖြေရှင်းပေးတဲ့အခါမျိုးမှာ အစိမ်းကတ်ကို ပြသတာပါ။

ခရစ္စတီယာနိုဂါလာနိုက အစိမ်းကတ်အပြခံရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူကန်ချက်တဲ့ ကန်ချက်ဟာ ထောင့်ကန်ဘောမဟုတ်ကြောင်း ၀န်ခံခဲ့လို့ သူဟာ အစိမ်းကတ်အပြခံခဲ့ရတာပါ။ ဒါ့အပြင် တချို့နေရာတွေမှာတော့ အစိမ်းကတ်ကို အပြစ်ပေးတဲ့နေရာမှာလည်း ပြသပါတယ်။

ဥပမာ တချို့ဘောလုံးပြိုင်ပွဲတွေမှာ အစိမ်းကတ်ကို အနီကတ်လိုမျိုး ပြစ်ဒဏ်ပေးတဲ့နေရာမှာလည်း အသုံးပြုပါတယ်။ အစိမ်းကတ်ပြခံရတဲ့ ကစားသမားကို ထုတ်ပယ်တာမျိုးပါ။ ဒါပေမဲ့ ဒီနေရာမှာတော့ အစိမ်းကတ်က အနီကတ်လောက် မပြင်းထန်ဘဲ အသင်းအနေနဲ့ သူ့နေရာမှာ တခြားကစားသမားတစ်ယောက်ကို အစားထိုးလဲလှယ်ခွင့်ရှိတာပါ။

Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။