ကစားသမားဘ၀တစ်လျှောက် ရင်ဆိုင်ရအခက်ခဲဆုံး ဂိုးသမားကို ရွေးချယ်ခဲ့ရာ နေမာရဲ့အဖြေက အားလုံးအံ့အားသင့်စရာဖြစ်ခဲ့ရ

Posted on - Mar 20 []

Gunner Ksr

စာရေးသူ

ပီအက်စ်ဂျီနဲ့ ဘရာဇီးတိုက်စစ်မှူးနေမာဟာ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် ရင်ဆိုင်ရအခက်ခဲဆုံးဂိုးသမားကို ရွေးချယ်မှုပြုလုပ်သွားခဲ့ရာမှာတော့ သူ့ရဲ့အဖြေက ဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိနေမာဟာ ဘောလုံးသမားဘ၀တစ်လျှောက် ထိပ်တန်းအဆင့်ဂိုးသမားပေါင်းများစွာနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားလာခဲ့ရသူပါ။ လက်ရှိကမ္ဘာကျော်ထိတ်ထိတ်ကြဲဂိုးသမားတွေနဲ့ နေမာဟာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတယ်။

လက်ရှိကမ္ဘာ့ဘောလုံးမှာ ထိပ်ဆုံးနေရာတွေကို လွှမ်းမိုးထားတဲ့ ဂိုးသမားတွေဖြစ်တဲ့ အယ်လစ်ဆန်၊ အီဒါဆန်၊ ဒီဂီယာ၊ အော့ဘလက်ခ်၊ ကော့တွိုက်စ်တို့အပါအ၀င် ဘူဖွန်၊ ကာဆီးလက်စ်၊ နူအာတို့လို လုံး၀၀ါရင့်၊ သမ္ဘာ့ရင့်ဂိုးသမားကြီးတွေနဲ့လည်း နေမာဟာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့ နေမာအတွက် အခက်ခဲဆုံးဂိုးသမားကတော့ သူတို့တွေ တစ်ယောက်မှ မဟုတ်ပါဘူး။ နေမာအတွက် ရင်ဆိုင်ရအခက်ခဲဆုံးဂိုးသမားကတော့ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းဗစ်တာဗဲဒက်စ်ပဲ ဖြစ်ပါတယ်။ ဗဲဒက်စ်ဟာ ဘာစီလိုနာအတွက် ဂန္ထ၀င်ကစားသမားတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာတို့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့သူပါ။

ဗဲဒက်စ်ဟာ သူ့အတွက် ဘာကြောင့် အခက်ခဲဆုံးဂိုးသမားဖြစ်သလဲဆိုတာကို နေမာက Oh My Goal နဲ့ တွေ့ဆုံရာမှာ ဖွင့်ဟသွားခဲ့ပါတယ်။ "ကျွန်တော်ဆန်းတို့စ်အသင်းမှာ ကစားနေတုန်းက ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ သူနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။

ဗဲဒက်စ်ဟာ တကယ့်ကို ရင်ဆိုင်ရခက်ပြီး ကျော်ဖြတ်နိုင်ဖို့ မလွယ်တဲ့ ဂိုးသမားတစ်ယောက်ပဲ။ သူ့ကိုကျွန်တော်လုံးဝလေးစားတယ်"လို့ နေမာက ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။ ကမ္ဘာကျော်တွေကိုကျော်ပြီး ဗဲဒက်စ်ကို ရွေးချယ်ခဲ့တဲ့နေမာရဲ့ရွေးချယ်မှုက အံ့အားသင့်စရာပဲလို့ ဆိုရမှာပါ။

Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။