ရီးရဲပရိသတ်တွေအားလုံး ဒေါသထွက်သွားစေမယ့် ဘေးလ်ရဲ့အတွင်းစိတ်သရုပ်မှန်

Posted on - Mar 20 []

Gunner Ksr

စာရေးသူ

ဂါရတ်ဘေးလ်နဲ့ မက်ဒရစ်လမ်းခွဲက မကြာမီအချိန်အတွင်း အနှေးနဲ့ အမြန်ဆိုက်ရောက်လာပါတော့မယ်။ မက်ဒရစ်မှာ ဘေးလ်ရဲ့ ပျော်ရွှင်ခြင်းကာလတွေ အချိုကုန်သွားခဲ့ရပါပြီ။ အထူးသဖြင့် ရီးရဲကို သမိုင်းဝင် ချန်ပီယံလိဂ် (၃) နှစ်ဆက်ရယူပေးထားနိုင်ခဲ့တဲ့ မှော်ဝင်နည်းပြဇီဒန်းနဲ့ ဆက်ဆံရေး အဆင်မပြေတာက ရီးရဲကနေ ဘေးလ်တစ်ယောက် လွင့်စင်သွားဖို့ အကြောင်းဖန်နေတာပါပဲ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ၊ ဇန်န၀ါရီအပြောင်းအရွှေ့တစ်လျှောက်လုံး ဘေးလ်ရဲ့အပြောင်းအရွှေ့သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြားခဲ့ရတယ်။ ဘေးလ်နဲ့ မက်ဒရစ်တို့လမ်းအဆုံးသတ်ပြီလို့ အားလုံးက ထင်မှတ်ခဲ့ရတယ်။

ဘေးလ်နဲ့ ရီးရဲတို့ရဲ့ရေစက်က ခပ်လွယ်လွယ်အဆုံးမသတ်ခဲ့ဘဲ ဘေးလ်တစ်ယောက် မက်ဒရစ်မှာပဲ ဆက်ရှိနေခဲ့တယ်။ ဒါပေမဲ့ ဘေးလ်အနေနဲ့ ဇီဒန်းကို လုံးဝမကျေနပ်ဖြစ်နေဆဲဖြစ်ပြီး ရီးရဲမှာနေရတာလည်း တစ်စက်ကလေးမှ မပျော်ရွှင်တော့ဘူးလို့ ဘေးလ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ စပိန်ဂျာနယ်လစ်ဘာလာဂွီက BBC ကို ဖွင့်ဟသွားခဲ့ပါတယ်။

"ဂါရတ်ဘေးလ်က ရီးရဲကို လုံးဝစိတ်ကုန်နေပြီ။ ရီးရဲမှာ သူ ကြာကြာဆက်ရှိနေတော့မှာ မဟုတ်ဘူး။ သူ့ရဲ့ကြံ့ခိုင်မှုက အကောင်းဆုံးအနေအထားမှာ ရှိနေပေမယ့် ပွဲကစားခွင့်မရတာက သူ့ကိုတော်တော်လေး စိတ်ပျက်စေခဲ့တယ်။ ဒီအတွက်လည်း သူအရမ်းဒေါသထွက်ခဲ့ရတယ်။

အထူးသဖြင့် ဇီဒန်းက အသင်းကိုပြန်ရောက်လာပြီးနောက်မှာ ဂါရတ်ဘေးလ်ကို လုံးဝမရှိတော့တဲ့ပုံစံပြခဲ့တယ်။ ဘေလ်းရဲ့အေးဂျင့်ကလည်း အသင်းသစ်ရှာဖွေနေပါပြီ။ ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပြုသားရဲ့နဲ့ တရုတ်ကို ပေးမပြောင်းခဲ့တဲ့အပေါ်လည်း ဘေးလ်က လုံးဝနားမလည်နိုင် ဖြစ်နေတယ်။ ဘေးလ်က လက်ရှိအချိန်မှာ ပွဲကစားခွင့်ရလာပြီဖြစ်ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ပါဘူး။ နောက်ပြီး သူဟာ ဘောလုံးထက် ဂေါ့ဖ်ကိုပိုကြိုက်တဲ့သူပါ"လို့ ဘာလာဂွီက ဘေးလ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။