အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ဘယ်သူ့ကို လေးစားသလဲလို့ ဗန်ပါစီ အမေးခံရတဲ့အခါ..

Posted on - Mar 21 []

Gunner Ksr

စာရေးသူ

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဗန်ပါစီကတော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲတစ်ယောက်ပါ။ ဗန်ပါစီဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ရောက်ရှိလာခဲ့သူပါ။ ဗန်ပါစီဟာ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုနီးပါးအထိ ကျင်လည်ခဲ့ပြီး သမိုင်းမှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့သူပါ။ ဗန်ပါစီဟာ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း (၁၄၄) ဂိုးအထိ သွင်းယူထား နိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အတွက် ၉၆ ဂိုးသွင်းယူပြီး မန်ယူအသင်းအတွက် ၄၈ ဂိုးသွင်းယူပေးထားခဲ့တာပါ။ ဗန်ပါစီဟာ ပရီးမီးယားလိဂ်ရဲ့ ဂန္ထ၀င်နည်းပြကြီးနှစ်ယောက်ဖြစ်တဲ့ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့နှစ်ယောက်စလုံးရဲ့ လက်အောက်မှာ ကစားခဲ့ဖူးတာကြောင့် အလွန်ကံကောင်းခဲ့သူလို့ ဆိုရမှာပါ။

ဒါကြောင့် အင်တာဗျူးတစ်ခုမှာ ဗန်ပါစီဟာ ဖာဂူဆန်နဲ့ အာဆင်ဝင်းဂါးတို့နှစ်ယောက်အကြား ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ အမေးခံခဲ့ရပါတယ်။ အဲဒီမေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ ဗန်ပါစီတစ်ယောက် တော် တော်လေး ဘေးကျပ်နံကျပ်ဖြစ်သွားပြီး ခေါင်းတွေထူပူသွားပုံပါပဲ။

"ဘုရားရေ ဒါကအရမ်းခက်ခဲလွန်းတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ ဖြေနိုင်မှာမဟုတ်ဘူး"လို့သာ ပြောကြားခဲ့ပြီး ဗန်ပါစီဟာ သူတို့နှစ်ယောက်ကြားမှာ ရွေးချယ်မှု ပြုလုပ်သွားခဲ့ခြင်းမရှိပါဘူး။ ဗန်ပါစီနေရာမှာ ဘယ်သူ မဆို အဲဒီလိုပဲ ဖြစ်မိမှာပါပဲ။

Ref Daily Mail
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။