လွမ်းဆွတ်အောက်မေ့ဖွယ်ကောင်းနေတဲ့ Heechul နဲ့ Sulli တို့ကြားက ချစ်ခြင်းမေတ္တာ

Posted on - Mar 21 []

Gunner Ksr

စာရေးသူ

Heechul နဲ့ Sulli တို့ အပြန်အလှန်ပြောထားခဲ့တဲ့ မက်ဆေ့ခ်ျတွေဟာ တကယ့်လိုနှစ်လိုဖွယ်ကောင်းပြီး ဆွေးမြေ့စရာပါပဲ။Super Junior အဖွဲ့ဝင် Heechul နဲ့ Sulli တို့ဟာ ရင်းနှီးတဲ့သူငယ်တွေဖြစ်ပါတယ်။ ဒါကြောင့် Sulli ကွယ်လွန်သွားချိန်မှာ Heechul အနေနဲ့ ဘယ်လောက်တောင် ခံစားလိုက်ရမလဲဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။

အခုအခါမှာတော့ သူတို့နှစ်ယောက် အပြန်အလှန် ပြောထားခဲ့တဲ့ မက်ဆေ့ခ်ျတချို့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီမက်ဆေ့ခ်ျတွေကိုကြည့်ရင် Heechul ဟာ Sulli အပေါ် ဘယ်လောက်တောင် ဂရုစိုက်ပြီး ချစ်သလဲဆိုတာ ပေါ်လွင်စေမှာပါ။

ဒီမက်ဆေ့ခ်ျတွေဟာ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့က သူတို့နှစ်ယောက် အပြန်အလှန်ပြောထားခဲ့တာတွေဖြစ်ပြီး Sulli က Instagram မှာ တင်ထားခဲ့တာပါ။ မက်ဆေ့ခ်ျ အသွားအရတော့ Heechul ဟာ တစ်ယောက်တည်း အစားစားနေတဲ့အချိန်မှာ Sulli ကို အောက်မေ့တရရှိနေခဲ့တာပါ။ Heechul နဲ့ Sulli တို့ ပြောထားခဲ့တာတွေကတော့ အောက်ပါအတိုင်းပါပဲ။

Heechul: Baby, မင်းအစပ်ကြိုက်လား။
Sulli: ကျွန်မ အရမ်းကြိုက်တာ
Heechul: ငါအခု တကယ့်ကိုစပ်တဲ့ Hotdog ဆိုင်မှာပေါ့။ နောက်ထပ်စားဖို့လာခဲ့တာ။ နောက်တစ်ခါကျရင် အတူတူသွားရအောင်။ ဒါက တကယ်ကိုစပ်တာ။
Sulli: ညလယ်ခေါင်ကြီး ဟော့ဒေါ့အစပ်စားနေတာလား။ သူတို့ နောက်ကျတဲ့အထိဖွင့်တာလို့ ထင်တယ်။ သွားကြတာပေါ့။

အဲဒီ မက်ဆေ့ခ်ျကို တွေ့မြင်ပြီးနောက် ပရိသတ်တွေက Heechul နဲ့ Sulli တို့ကြား နှစ်လိုဖွယ် ဆက်ဆံရေးကို ကြည့်နူးခဲ့ကြသလို Heechul ကိုလည်း ချီးကျူးခဲ့ကြပါတယ်။

Ref: Koreaboo

momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။