စိတ်ကြီးသူ အီဘရာဟီမိုဗစ်ကို မကြောက်မရွံ့သွားစမ်းရခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား

Posted on - Jun 20 []

Gunner Ksr

စာရေးသူ

အရပ်အမောင်းကောင်းကောင်း၊ ခန္ဓာကိုယ်ကြီးထွားတဲ့ အီဘရာဟီမိုဗစ်ဟာ မဟုတ်မခံစိတ်ရှိသူပါ။ သူ့စိတ်ကြိုက်မတွေ့ဘူးဆိုရင် အီဘရာဟီမိုဗစ်ဟာ ဒိုင်လူကြီးတွေအထိတောင် မထောက်ဘဲ ထင်ရာကို လုပ်လေ့ရှိသူပါ။ ဒါကြောင့် တော်တော်များများက အီဘရာဟီမိုဗစ်နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ကြတာကိုလည်း တွေ့မြင်ရမှာပါ။ စိတ်ကြီးလွန်းတဲ့ အီဘရာဟီမိုဗစ်ကို တော်ရုံတန်ရုံသူက သွားမစမ်းရဲပါဘူး။

ဒါပေမယ့် အဲဒီလို စိတ်ကြီးလွန်းတဲ့ လူကြမ်းကြီး အီဘရာဟီမိုဗစ်ကို မကြောက်မရွံ့သွားကန်ရဲခဲ့တဲ့ ကစားသမားတစ်ယောက်တော့ ရှိပါတယ်။ သူကတော့ တစ်ခြားသူမဟုတ်ဘဲ မန်ယူနောက်ခံလူ ဘိုင်လီပဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ဘိုင်လီဟာ လှုမှုကွန်ရက်မှာ ဗီဒီယိုဖိုင်တစ်ခုကို ဝေမျှခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ ဘိုင်လီဟာ အီဘရာဟီမိုဗစ်ရဲ့နောက်ကျောကို မကြောက်မရွံ့သွားကန်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အီဘရာဟီမိုဗစ်ဟာ စိတ်ဆိုးသွားပြီး ဘိုင်လီကို လိုက်ဖမ်းခဲ့ပါတယ်။

"သူငယ်ချင်းရေ မင်းတော့မိရင်သေပြီပဲ"လို့လည်း ပါးစပ်ကနေ ရေရွတ်ပြီး လိုက်ခဲ့တာပါ။ အီဘရာဟီမိုဗစ်ရဲ့စိတ်ကိုသိတဲ့ ဘိုင်လီဟာလည်း ကန်ပြီပြီးချင်းချင်းမှာပဲ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အီဘရာဟီမိုဗစ်တစ်ယောက် ဘိုင်လီကို မိသွားခဲ့ပါတယ်။

ဒါပေမဲ့ အီဘရာဟီမိုဗစ်ဟာ ဘိုင်လီကိုဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ အီဘရာဟီမိုဗစ်နဲ့ ဘိုင်လီတို့ဟာ မန်ယူမှာ လက်တွဲညီညီအတူတွဲကစားခဲ့ကြပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ စိတ်ကြီး၊ ဒေါသကြီးလွန်းတဲ့ အီဘရာဟီမိုဗစ်ကိုမှ သွားစမ်းရခဲ့တဲ့ ဘိုင်လီရဲ့ဇကတော့ လေးစားစရာပဲလို့ ဆိုရမှာပါ။

အီဘရာဟီမိုဗစ်ကို ကန်ခဲ့တဲ့ ဘိုင်လီရဲ့ဗီဒီယိုဖိုင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။