မက်ဆီရဲ့ ဒီအပြုအမူတစ်ခုကို မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တဲ့ ဆွာရက်ဇ်
Gunner Ksr
စာရေးသူ
မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဆက်ဆံရေးဟာ ပရိသတ်တွေထင်တာထက် အများကြီး ပိုရင်းနှီးပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဆွာရက်ဇ်တစ်ယောက် ဘာစီလိုနာကို ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ အတိုင်းအဆမရှိ ရင်းနှီးခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တို့ဟာ MSN ဆိုပြီး ကွင်းတွင်းမှာ နာမည်ကျော်ခဲ့သလို ကွင်းပြင်မှာလည်း သူတို့ရဲ့ဆက်ဆံရေးက လူအများအတွက်တော့ ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

သူငယ်ချင်းအရင်းကြီးတွေလို ချစ်ခင်ကြတဲ့ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာ၊ ဆိုမနာ အနေအထားမျိုးရှိနေတာပါ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ပုံစံတွေကိုပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိပါတယ်။

အခုအခါမှာလည်း ဆွာရက်ဇ်က သူမကြိုက်တဲ့မက်ဆီရဲ့ပုံစံတစ်ခုကို Fox Sports နဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ခါတလေ နည်းပြတွေအပေါ် မက်ဆီရဲ့ဆက်ဆံပုံကို ဆွာရက်ဇ်က မနှစ်မြို့လျက်ရှိနေတာပါ။

"သူဟာ တစ်ခါတလေကျရင် ဘာစကားမှမပြောတာပါ။ နည်းပြ၊ ကစားသမားတွေ ဘယ်သူနဲ့မှ မပြောတာပါ။ အာဂျင်တီးနားအသင်းမှာလည်း သူ့ရဲ့ပုံစံက ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ နည်းပြက သူ့ကိုတစ်ခုခုမေးတဲ့အခါမျိုးကျရင် 'အရာရာကို ကျွန်တော့်ကိုပဲမမေးပါနဲ့'လို့ ပြန်ပြောသင့်ပါတယ်"လို့ ဆွာရက်ဇ်က ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။
Ref All Football
Oz11(မိုမိုလေး)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။