ဖခင်အကြောင်း ပြောကြားစဉ်မှာ စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေးတဲ့အထိဖြစ်ခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ပူဆွေးမှု

Posted on - Mar 22 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုဟာ ကွယ်လွန်သွားတဲ့ဖခင်အကြောင်းပြောကြားရင်း ယူကျုံးမရဖြစ်ကာ ၀မ်းနည်းလွန်းလို့ ငိုကြွေးခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ စီရော်နယ်ဒိုတို့မိသားစု ငယ်ဘ၀တုန်းက အရမ်းဆင်ရဲပါတယ်။ ဆင်းရဲစုတ်ချာလွန်းတဲ့ စီရော်နယ်ဒိုဟာ ပတ်ဝန်းကျင်မှာ အမြဲတမ်း အလှောင်ခံ၊ အနှိမ်ခံဘ၀နဲ့ ကြီးပျင်းလာခဲ့တာပါ။ စီရော်နယ်ဒိုတစ်ယောက် အဲဒီလိုအားငယ်စိတ်ဝင်တိုင်း၊ အရှုံးပေးချင်စိတ်ဝင်တိုင်း ဖခင်ဖြစ်သူက အမြဲတမ်း အားပေးနေကြပါတယ်။

စီရော်နယ်ဒိုရဲ့အဖေက သူ့သားအပေါ် မျှော်လင့်ချက်ကြီးထားခဲ့တယ်။ သူ့သားတစ်ယောက် အောင်မြင်ကျော်ကြားနေတာကိုလည်း အရမ်းမြင်တွေ့ချင်ခဲ့တယ်။ ပြောရရင် သူ့သားဟာ ဘယ်လောက်ဂုဏ်ယူစရာကောင်းတယ်ဆိုတာကို ဂုဏ်ယူစွာ ပြောချင်နေတဲ့သူစားမျိုးပါ။

ဒါပေမဲ့ စီရော်နယ်ဒိုရဲ့အဖေဟာ အရက်အလွန်သောက်တဲ့အတွက် ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပြောရရင် စီရော်နယ်ဒိုတစ်ယောက် ကမ္ဘာကျော်ဖြစ်ပြီး အောင်မြင်ကျော်ကြားချိန်ရောက်တော့ စီရော်နယ်ဒိုရဲ့အဖေဟာ လူ့လောကကြီးမှာမရှိတော့ပါဘူး။

သူအရမ်းတွေ့ချင်ခဲ့တဲ့ သူ့သားရဲ့ပုံစံကို မမြင်တွေ့သွားရရှာပါဘူး။ ဒီအတွက် စီရော်နယ်ဒိုဟာ ဒီနေ့အထိ အလွန်ပူဆွေးဝမ်းနည်းလျက်ရှိနေပါတယ်။ အဖေဖြစ်သူအကြောင်း ပြောကြားတိုင်း စီရော်နယ်ဒိုရဲ့ပါးပြင်မှာ မျက်ရည်စတွေက အလိုလိုစီးကျလာတယ်။

ပြီးခဲ့တဲ့ Good Morning Britain အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာလည်း စီရော်နယ်ဒိုဟာ သူ့အဖေအကြောင်းပြောကြားရင် ၀မ်းနည်းမျက်ရည်ကျခဲ့ပါသေးတယ်။ အစီအစဉ်တင်ဆက်သူက "အဖေ့အတွက် ဘာကိုဝမ်းအနည်းဆုံးလဲ"လို့ မေးမြန်းရာမှာတော့ စီရော်နယ်ဒိုက "ကျွန်တော်နံပါတ်ဝမ်း ဖြစ်လာတဲ့အချိန်ရောက်တော့ သူ့အနေနဲ့ ဘာမှမြင်တွေ့မသွားခဲ့ရရှာဘူး။ ကျွန်တော်အောင်မြင်မှုတွေ ရနေတာကို အဖေ့အနေနဲ့ လုံးဝမတွေ့သွားခဲ့ရရှာဘူး"လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် အစီအစဉ်တင်ဆက်သူက "မင်းအနေနဲ့ ဂရိတ်ကစားသမားတစ်ယောက်ဖြစ်လာတာကို သူ လုံးဝမမြင်ခဲ့ရဘူးပေါ့"လို့ မေးမြန်းခဲ့ရာမှာတော့ "လုံးဝမမြင်သွားခဲ့ရဘူး။ ကျွန်တော့်ရဲ့အမေ၊ အကိုနဲ့ နောက်ဆုံး ကျွန်တော့်သားတောင် ခံစားခဲ့ရတယ်။ ဒါပေမဲ့ အဖေကတော့ ဘာတစ်မှကို မမြင်တွေ့သွားခဲ့ရရှာဘူး"လို့ စီရော်နယ်ဒိုက မျက်ရည်တွေကြားက လွမ်းဆွတ်ဖွယ်ပြောကြားသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။