ခပ်ချေချေပုံစံနဲ့ ပရိသတ်ရဲ့နှလုံးသားကို အဖမ်းစားနိုင်ဆုံး အမျိုးသား Idol များ

Posted on - Aug 22 []

Gunner Ksr

စာရေးသူ

မိမိကိုယ်တိုင်က သတိမထားမိတဲ့ မိမိရဲ့ တင်းမာလွန်းလှတဲ့ မျက်နှာပုံစံကြောင့် တစ်ခါတစ်ရံမှာ တချို့သောသူတွေရဲ့ "မာနကြီးမယ့်ပုံပဲ၊ ချေလိုက်တာ၊ မျက်နှာကြောကလည်းတင်းနေတာပဲ" ဆိုတဲ့ အစရှိတဲ့ဝေဖန်မှုစကားသံတွေကို ကြားမိဖူးကြမှာပါ။ အခုတင်ဆက်ဖော်ပြပေးချင်တဲ့ အမျိုးသား idol ၅ ယောက်ဟာဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အနေတည်ပြီး တင်းမာလွန်းလှတဲ့ မျက်နှာပုံစံကြောင့် မာနကြီးတယ်၊ ချေတယ်လို့ အထင်လွဲခံခဲ့ရပြီးသူတွေပါ။ ဒါပေမယ့်လည်း သူတို့တွေ ရယ်ပြုံးလိုက်တဲ့အချိန်တွေမှာဆိုရင်တော့ မထင်မှတ်ထားလောက်ကို နွေးထွေးနူးညံ့လွန်းတဲ့ အြ့ပုံးတွေရှိကြတယ်ဆိုတာကို ပရိသတ်တွကိုယ်တိုင်အသိဆုံးပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သူတို့ ၅ ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

BTS' V

ရုပ်တည်၊ အနေတည်လွန်းတဲ့ အမျိုးသား Idol တစ်ယောက်ကို ပြပါဆိုရင်တော့ ပရိသတ်တွေအတော်များများက BTS ရဲ့ V ကို ပြေးမြင်မိကြမှာပါ။ အချိုးအစားကျပြီး လှပလွန်းတဲ့ မျက်နှာပုံစံမျိုးကို ပိုင်ဆိုင်ထားတဲ့ V ရဲ့ မျက်နှာဟာ တည်ထားတဲ့အချိန်ကျရင် မာနကြီးတဲ့အချေမင်းသားလို့ထင်ရလောက်ပေမယ့်လည်း တကယ်တမ်း သူ ရယ်ပြုံးလိုက်ပြီဆိုရင်တော့ အထင်လွဲခဲ့တာတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားမှာပါပဲ။

EXO Sehun

မာနကြီးမယ့်သူ၊ ချေလွန်းမယ့်သူလို့ နောက်ထပ်အထင်မှားခံရလေ့ရှိသူ idol တစ်ယောက်ကတော့ EXO ရဲ့ အငယ်ဆုံးလေး Sehun ပဲ ဖြစ်ပါတယ်။ ရုပ်တည်နေရင် အေးစက်လွန်းပြီး သွေးအေးမယ့်ပုံစံမျိုးလို့ အထင်မှားခံရတတ်တဲ့ Sehun ဟာ တကယ်တော့ နွေးထွေးမှုရှိလွန်းပြီး အဖွဲ့ဝင်အစ်ကိုတွေအပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ပါပဲ။

WINNER's Mino

အနေတည်လွန်းလှတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် ရံဖန်ရံခါဆိုသလို မာနကြီးတယ်၊ ချေတယ်လို့ အထင်မှားခံရတဲ့ Idol ကတော့ WINNER ရဲ့ Minho ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Minho က အဲဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကိုတော့ WINNER ရဲ့ ပရိသတတွေ၊ Minho ရဲ့ ပရိသတ်တွေကပဲ သိကြမှာပါ။

NU'EST's Hwang Minhyun

ချောမောလှတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားယုံသာမက အနေတည်နေရင် ရေခဲတုံးအလားလို့တောင် ထင်မှတ်ရလောက်တဲ့ နောက်ထပ် အမျိုးသား Idol တစ်ယောက်ကတော့ NU'EST ရဲ့ Hwang Minhyun ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ ပြုံးရယ်လိုက်တဲ့အခါမျိုးမှာဆိုရင်တော့ သူဟာ နွေးထွေးမှုရှိတဲ့သူတစ်ယောက်ဆိုတာကို သိသာစေပါတယ်။

BTOB's Ilhoon

အထက်ပါ Idol တွေလိုမျိုးပဲ အထင်မှားခံရလေ့ရှိသူ နောက်ထပ်တစ်ယောက်ကတော့ BTOB ရဲ့Ilhoon ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အထင်မှားခံရတတ်တဲ့သူက တကယ်တမ်းမှာတော့ မျက်နှာပြောင်လွန်းသူ၊ ပရိသတ်တွေကို ရယ်မောအောင် စနောက်လေ့ရှိသူတစ်ယောက် ဖြစ်တယ်ဆိုတာကို BTOB ရဲ့ ပရိသတ်တွေဖြစ်တဲ့ Melody တွေကပဲ သိကြမှာပါ။

Ref: Koreaboo

momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။