COVID-19 တိုက်ဖျက်ရေးအတွက်စီရော်နယ်ဒိုနဲ့ သူ့ရဲ့အေးဂျင့်တို့ရဲ့မွန်မြတ်လှတဲ့အလှူ

Posted on - Mar 23 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်နဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ သူ့ရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်တို့ကတော့ COVID-19 တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မွန်မြတ်လှတဲ့ လှူဒါန်းမှုကို ပြုလုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလော ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်မားနေတာပါ။ အထူးသဖြင့် အီတလီမှာ အဆိုးရွားဆုံးဖြစ်နေပြီး အခုအခါ အီတလီဟာ COVID-19 ကြောင့် ကမ္ဘာ့လူသေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

ဒါကြောင့် ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုက COVID-19 နဲ့ ပတ်သက်ပြီး မွေးရပ်မြေပေါ်တူဂီမှာ အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ ပူးပေါင်းပြီး ဆေးရုံတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ လှူဒါန်းခဲ့တာပါ။ ဂျော့မန်ဒက်စ်ဟာ Mask (၅) သောင်းနဲ့ ၀ယ်ယူပြီး လှူဒါန်းသွားမှာပါ။

ဒါ့အပြင် သူတို့ဟာ ပေါ်တူဂီမှာရှိတဲ့ ဆာအိုဂျိုအိုဆေးရုံအတွက် လိုအပ်တဲ့ ဆေးဝါး အထောက်အပံတွေကို လှူဒါန်းထားပြီး တခြားဆေးရုံတွေကိုလည်း ဒီလိုလှူဒါန်းမှုတွေ ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ စီရော်နယ်ဒိုအပြင် ဘာနာဒိုဆေးလ်ဗား၊ ဖာဘင်ညိုနဲ့ နီဗက်စ်တို့ကလည်း ဂျော့မန်ဒက်စ်နဲ့အတူ ပူးပေါင်း လှူဒါန်းမှုတွေ ပြုလုပ်သွားမှာပါ။

စီရော်နယ်ဒိုဟာ လက်ရှိမှာတော့ အတူနေချစ်သူ ဂျော်ဂီယာရိုဒရီဂွတ်ဇ်၊ ကလေး (၄) ယောက်နဲ့အတူ နေထိုင်မှာပဲ သီးသန့် နေထိုင်လျက်ရှိနေပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။