မက်ဆီပြီးရင် ကမ္ဘာပေါ်မှာ ဘယ်သူကအကောင်းဆုံးလဲဆိုတာ ပြောပြသွားတဲ့ ဆွာရက်ဇ်

Posted on - Mar 23 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာတိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ဟာ ကမားသမားဘ၀တစ်လျှောက်မှာ ထိပ်တန်းအဆင့်ကစားသမားတော်တော်များများနဲ့ တွဲဖက်ကစားခဲ့ဖူးသူပါ။ အေဂျက်ဇ်အသင်းက ဥရောပစင်မြင့်ထက်ကို ရောက်ရှိလာတဲ့ ဆွာရက်ဇ်ဟာ လီဗာပူးနဲ့အတူ ကျော်ကြားလာခဲ့ပြီး နောက်ဆုံးဘာစီလိုနာကို ပြောင်းရွှေ့ကာ အမြင့်ဆုံးသော အောာင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်နဲ့ လာလီဂါဖလား (၄) ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ဆွာရက်ဇ်ဟာ လက်ရှိအချိန်မှာဆိုရင် ကစားသမားနေ၀င်ချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဆွာရက်ဇ်က မက်ဆီပြီးရင် ဘယ်သူက အကောင်းဆုံးလဲဆိုတာ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

"အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့တဲ့ ကျွန်တော့်ရဲ့ကစားသမားဘ၀ကို အပြည့်အ၀ဂုဏ်ယူမိပါတယ်။ ကမ္ဘာပေါ်မှာ မက်ဆီဟာ အကောင်းဆုံးကစားသမားဖြစ်ပြီး သူပြီးရင်တော့ နေမာက ဒုတိယအကောင်းဆုံးပါပဲ။ "လို့ပဲ ဆွာရက်ဇ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီးဆွာရက်ဇ်က ဘာစီလိုနာကစားသမားဟာ သူ့ရဲ့ဘ၀မှာ အကောင်းဆုံးအခိုက်အတန့်လို့လည်း ဖွင့်ဟ၀န်ခံသွားခဲ့ပါတယ်။ ဆွာရက်ဇ်က "ကျွန်တော့်အတွက်တော့ ဘာစီလိုနာအသင်းမှာ ဖလား (၃) လုံးရရှိခဲ့တာက အကောင်းဆုံးအခိုက်အတန့်ပါပဲ"လို့လည်း ဆိုခဲ့ပါသေးတယ်။

ဘာစီလိုနာနဲ့ နေမာရဲ့အပြောင်းအရွှေ့ကိစ္စတွေအပေါ်လည်း ဆွာရက်ဇ်က သူ့ရဲ့အမြင်ကို အခုလို ပြောကြားခဲ့ပါသေးတယ်။ "နေမာလိုကစားသမားမျိုးကို မလိုချင်တဲ့အသင်းတော့ ဘယ်ရှိပါ့မလဲဗျာ။ ဒါပေမယ့် သူဟာလက်ရှိမှာ ပီအက်စ်ဂျီကစားသမားပါ"လို့ ဆွာရက်ဇ်က ပြောကြားသွားခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာဟာ ဘာစီလိုနာအသင်းမှာ အတွဲအဖက်အလွန်ညီခဲ့ကြတဲ့တိုက်စစ်မှူးတွေပဲ ဖြစ်ပါတယ်။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။