ဘာစီလိုနာနဲ့ နေမာတို့ ပူးပေါင်းကာ ဖီဖာရဲ့စည်းမျဉ်းတစ်ခုကို အသုံးချပြီး ပီအက်စ်ဂျီကို အကြပ်ကိုင်မယ့်ဖြစ်ရပ်

Posted on - Mar 24 []

Gunner Ksr

စာရေးသူ

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် ဖီဖာရဲ့ စည်းမျဉ်းတစ်ခုကို အသုံးချသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးနေမာဟာ ၂၀၁၈ ခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ လာလီဂါထိပ်သီးကလပ်ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။

အဲဒီနောက်ပိုင်းကတည်းကစလို့ နေမာအနေနဲ့ အပြောင်းအရွှေ့ရောက်တိုင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေဟာ ထွက်ပေါ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာတို့ နေမာကို ပြန်ခေါ်ဖို့ နီးစပ်ခဲ့ပေမယ့် ဂရစ်ဇ်မန်းကို ခေါ်ယူလိုက်တဲ့အခါ အပြောင်းအရွှေ့ဘတ်ဂျက်မချန်တော့လို့ ခေါ်ယူခွင့် မရှိခဲ့တာပါ။

လာမယ့်နွေရာသီမှာလည်း ဘာစီလိုနာဟာ နေမာကို ဆက်လက်ကြိုးပမ်းသွားဦးမှာပါ။ ဘာစီလိုနာဟာ ပထမဆုံး ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့အတွက် ဦးစားပေးဆွေးနွေးမှာဖြစ်ပြီး တကယ်လို့ ညှိနှိုင်းမှု အဆင်မပြေဖြစ်ပါက ဖီဖာရဲ့စည်းမျဉ်းကို အသုံးပြုသွားဖွယ် ရှိနေပါတယ်။

ဖီဖာရဲ့ စည်းမျဉ်း (၁၇) အရ ကစားသမားတစ်ယောက်ဟာ စာချုပ်သက်တမ်း (၃) နှစ်အောက်ဆိုပါက အသင်းနဲ့ စာချုပ်ဖျက်သိမ်း ဖျက်သိမ်းဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးကိုတော့ ဖီဖာ ဒါမှမဟုတ်နိုင်ငံတကာ အားကစားခုံရုံကနေ သတ်မှတ်ပေးတာမျိုးပါ။ ပီအက်စ်ဂျီဟာ နေမာကို ခေါ်ယူစဉ်ကလည်း စာချုပ်ဖျက်သိမ်းကြေးကိုပေးပြီး အသာလေး ခေါ်ယူသွားခဲ့လို့ ဘာစီလိုနာကလည်း အခုအခါ နေမာနဲ့ ပူးပေါင်းကာ ဖီဖာရဲ့စည်းမျဉ်းကို အသုံးချဖို့ ကြံရွယ်နေတာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။