ပရီးမီးယားလိဂ်ကို ပထမဆုံးရောက်ရှိတဲ့လမှာပဲ အကောင်းဆုံးဆု ယူနိုင်ခဲ့ကြတဲ့ ကစားသမား (၁၂) ယောက်

Posted on - Mar 24 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ကို စတင်ပြောင်းရွှေ့ခဲ့တဲ့လမှာပဲ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့က စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာပါ။ ဖာနန်ဒက်စ်ဟာ အသင်းနဲ့ လျင်လျင်မြန်မြန် အံ့ဝင်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်တို့ ရေရှည်လိုအပ်နေခဲ့တဲ့ ဦးဆောင်ကစားသမားစစ်စစ်ဆိုတာကို အချိန်တိုအတွင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စက်ရဲ့အစွမ်းကြောင့်ပဲ ယူနိုက်တက်ဟာ ရလဒ်တွေ တောက်လျှောက် ကောင်းမွန်လာခဲ့တာပါ။

အထူးသဖြင့် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်တို့ ရေရှည်လိုအပ်နေခဲ့တဲ့ ဦးဆောင်ကစားသမားစစ်စစ်ဆိုတာကို အချိန်တိုအတွင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စက်ရဲ့အစွမ်းကြောင့်ပဲ ယူနိုက်တက်ဟာ ရလဒ်တွေ တောက်လျှောက် ကောင်းမွန်လာခဲ့တာပါ။

ဖာနန်ဒက်စ်အပြင် နော့ဝှစ်ခ်ျတိုက်စစ်မှူးပွတ်ကီ(၂၀၂၀ ဖေဖော်ဝါရီ)၊ မန်ယူတိုက်စစစ်မှူးမာရှယ်(၂၀၁၅ စက်တင်ဘာ)၊ ဆွမ်ဆီးက အာရူး(၂၀၁၅ သြဂုတ်)၊ ချဲလ်ဆီးက ကော်စတာ (၂၀၁၄ သြဂုတ်စ်)၊ ဆန်းဒါးလန်းက ဖလက်ချာ(၂၀၁၂ စက်တင်ဘာ )၊ ပို့စ်မောက်က ရှရင်ဂမ်(၂၀၀၃ သြဂုတ်စ်)၊ လီဗာပူးက ဘာဂါ(၁၉၉၆ စက်တင်ဘာ)၊ ကာဆယ်က ဂီနီလာ(၁၉၉၅ သြဂုတ်)၊ စပါးက ကလင်းစမန်း(၁၉၉၄ သြဂုတ်စ်)တို့ပဲ ဖြစ်ကြပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။