ဖာနန်ဒက်စ်ရဲ့ ပေါ့ဂ်ဘာ အတွဲညီညီကစားနိုင်မလားဆိုတာ သုံးသပ်ပြသွားခဲ့တဲ့ ဘာဘာတော့ဗ်

Posted on - Mar 24 []

Gunner Ksr

စာရေးသူ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လက်ရှိအသင်းရဲ့ အဓိက ကစားသမားပေါ့ဂ်ဘာနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကမှ အသင်းကို ရောက်ရှိလာပြီး ဖိတ်ဖိတ်လက်နေတဲ့ ခြေစွမ်းပြသလျက်ရှိနေတဲ့ ဖာနန်ဒက်စ်တို့အကြား အတွဲညီညီ ကစားနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို သုံးသပ်ပြသွားခဲ့တာပါ။

ပေါ့ဂ်ဘာ ဒဏ်ရာကနေ ပြန်သက်သာလာနိုင်တဲ့အခါ ဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားပြီး ပေါ့ဂ်ဘာ-ဖာနန်ဒက်စ်အတွဲအဖက်ကို ယူနိုက်တက်ပရိသတ်တွေ စိတ်ကူးယဉ်နေကြပါတယ်။ တကယ်တမ်းမှာလည်း ပေါ့ဂ်ဘာနဲု့ဖာနန်ဒက်စ်သာ အတွဲအဖက်မိမိ ကစားနိုင်ရင် ယူနိုက်တက်တို့ အခုထက် များစွာ အခြေအနေကောင်းသွားနိုင်တဲ့အနေအထားပါ။

လက်ရှိအခြေအနေမှာတော့ ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာကနေ ပြန်ကောင်းစပြုလာပြီး တကယ်လို့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်ကျင်းပဖြစ်တဲ့အခါ ဖာနန်ဒက်စ်နဲ့ တွဲကစားရဖို့ ရှိနေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်း ဘာဘာ့တော့ဗ်က အခုလို သုံးသပ်သွားခဲ့ပါတယ်။

"ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာ အတွဲညီညီ ကစားနိုင်မလားဆိုရင် ကျွန်တော် မသိပါဘူး။ ဖာနန်ဒက်စ လျင်လျင်မြန်မြန်ပဲ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့တယ်။ အဲဒီအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ပြောရရင် သူ့ကို အသင်းကနေ မထွက်ခွာစေချင်ပါဘူး။ သူတို့ဟာ ကစားပုံဆင်ပြီး ဘောလုံးဥာဏ်ရည်မြင့်မားကြပါတယ်။ သူတို့နှစ်ယောက် လိုက်လျောညီထွေစွာ ကစားနိုင်ဖို့ပဲ မျှော်လင့်ရပါတယ်"လို့ ဘာဘာတော့ဗ်က သုံးသပ်သွားခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။