ဒါက ယူနိုက်တက်ကို ပြောင်းမယ်ဆိုပြီး အထာပေးခဲ့တာလား ဆန်ချို

Posted on - Mar 25 []

Gunner Ksr

စာရေးသူ

ဘွန်ဒက်လီဂါကလပ်ဒေါ့မွန်ကြယ်ပွင့်ဆန်ချိုရဲ့ Instagram ပေါ်က လုပ်ရပ်တစ်ခုဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို လုံးဝဖမ်းစားနိုင်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ဒါဟာ ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ပြောင်းလာမယ်ဆိုပြီး အထာပေးခဲ့တာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီစတင်ပြီး ဒေါ့မွန်အသင်းနဲ့ တောက်ပခဲ့သူဖြစ်ပါတယ်။

ဆန်ချိုဟာ မန်စီးတီးအသင်းကို စွန့်ခွာပြီး ဂျာမန်မြေကို စွန့်စားဖွင့်ခဲ့ကာ ဒေါ့မွန်ကို ရောက်ရှိလာခဲ့သူပါ။ ဆန်ချိုရဲ့စွန့်စားခန်းအောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဆန်ချိုဟာ မထင်မရှား လူငယ်ဘောလုံးသမားဘ၀ကနေ အခုဆိုရင် ပေါင်သန်း (၁၀၀) တန်နဲ့ ကြယ်ပွင့်ကစားသမားဖြစ်နေပါပြီ။

သူ့ကို လိုချင်တဲ့ ဥရောပအသင်းတွေ ၀ိုင်းနေပါပြီ။ ပရီးမီးယားလိဂ်ထိပ်သီးကလပ်မန်ချက်စတာယူနိုက်တက်ကလည်း ဆန်ချိုကို ခေါ်ယူလိုတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာလည်း ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Instagram မှာ Live လွှင့်ပြီး စပါးလူငယ်တိုက်စစ်ကစားသမားရိုင်ယန်ဆီဆက်နွန်နဲ့အတူ ဂိမ်းကစားနေခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ယူနိုက်တက်ပရိသတ်တစ်ယောက်က "တကယ်လို့ ယူနိုက်တက်ကို ပြောင်းလာမယ်ဆိုရင် ဒီမက်ဆေ့ခ်ျကို မျက်ကွယ်ပြုလိုက်ပါ"လို့ Comment ရေးသားခဲ့တာပါ။

အဲဒီအခါ ဆန်ချိုက အဲဒီမက်ဆေ့ခ်ျကို မြင်သွားခဲ့ပြီး ပြုံးကာ "အားလုံးပဲ အိမ်မှာပဲ နေကြပါ"လို့ ပြောဆိုခဲ့တာပါ။ ဆန်ချိုဟာ အဲဒီမက်ဆေ့ခ်ျကို မျက်ကွယ်ပြုခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေကတော့ ဒါဟာဆန်ချိုအနေနဲ့ သူတို့အသင်းကို ပြောင်းလာတော့မယ်လို့ အတည်ပြုခဲ့တာဖြစ်ကြောင်း မှတ်ယူခဲ့ပါတော့တယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။