လီဗာပူးကို ရှုံးနိမ့်အပြီး မက်ဆီဘယ်လောက် နာကျင်ခဲ့ရသလဲဆိုတာ ဖွင့်ဟလာတဲ့ မာတစ်

Posted on - May 30 []

Gunner Ksr

စာရေးသူ

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာဟာ ပရီးမီးယားလိဂ်ကလပ်လီဗာပူးကို အံ့အားသင့်ဖွယ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ပထမအကျော့ အိမ်ကွင်းနူးကမ့်မှာ ၃ ဂိုးပြတ် အနိုင်ရရှိထားခဲ့ပေမယ့် အဝေးကွင်းမှာတော့ (၄) ဂိုးပြတ် ပြန်လည်အရေးနိမ့်ကာ အံ့အားသင့်ဖွယ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ဒီရှုံးနိမ့်မှုက ဘာစီလိုနာနဲ့ ပတ်သက်တဲ့သူတိုင်းအတွက် အလွန်နာကျင်ရပါတယ်။

အထူးသဖြင့် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီပေါ့။ မက်ဆီဟာ ရာသီအစတုန်းက နူးကမ့်ကွင်းကြီးထဲကို ချန်ပီယံလိဂ်ဖလား အရောက်သယ်ဆောင်ပေးမယ်လို့ ကတိပေးထားခဲ့တာပါ။ အခု သူ့ရဲ့ကတိအတိုင်း အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပေမယ့် အဆုံးသတ်မှာတော့ နာကျင်မှုကိုပဲ ခံစားခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်တာဗျူးတွေမှာလည်း ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မေးမြန်းလိုက်ရင် မက်ဆီတစ်ယောက် ခေါင်းငိုက်စိုက်သွားစမြဲ၊ နာကျင်သွားရစမြဲပါပဲ။ အခုအခါမှာတော့ လီဗာပူးနောက်ခံလူမာတစ်က အဲဒီပွဲပြီးနောက် သူမြင်တွေ့ခဲ့ရတဲ့ မက်ဆီရဲ့နာကျင်မှုတွေကို ထုတ်ဖော်သွားခဲ့ပါတော့တယ်။

"ပွဲအပြီးမှာတော့ ကျွန်တော့်တို့တွေက ကလော့ကို လေပေါ်မှာပင့်မြှောက်ပြီးအောင်ပွဲခံနေကြတာ။ ဒါက ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် အလှပဆုံး အခိုက်အတန့်ပါပဲ။ အဲဒီနောက် အ၀တ်လဲခန်းထဲ ၀င်သွားတော့ လုံးဝစိတ်ပျက်စွာ ထိုင်နေတဲ့ မက်ဆီကို တွေ့ခဲ့ရတယ်။ သူက တော်တော်လေး စိတ်ပျက်နေရှာတာ။ ဒါကြောင့် ကျွန်တော်အနေနဲ့ အောင်ပွဲမခံတော့ဘဲ သူ့အနားမှာထိုင်ပြီး နှစ်သိမ့်ပေးခဲ့တယ်"လို့ မာတစ်က ဆိုသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။