BLACKPINK နဲ့ Lady Gaga တို့ရဲ့ Collaboration လုပ်မလားဆိုတာ သဲလွန်စပေးခဲ့တဲ့ ပရိုဂျူဆာ Ryan Tedder

Posted on - Mar 25 []

Gunner Ksr

စာရေးသူ

ဒီ Collaboration ကို အမှန်တကယ် မြင်တွေ့ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Grammy ဆုရှင် ပရိုဂျူဆာဖြစ်တဲ့ Ryan Tedder ဟာ BLACKPINK နဲ့ Lady Gaga တို့ရဲ့ Collaboration နဲ့ ပတ်သက်ပြီး သူ့ရဲ့ Instagram Live မှာ ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက BLACKPINK နဲ့ Lady Gaga တို့ Collaboration ပြုလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

Lady Gaga ရဲ့ အသစ်ထွက်ရှိမယ့် Album ထဲမှာ BLACKPINK နဲ့ တစ်ပုဒ် တွဲဖက်သီဆိုသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါပဲ။ Ryan Tedder ဟာ Lady Gaga ရဲ့ Album ထဲက သီချင်းတစ်ပုဒ်ကို Producer လုပ်ပေးရမှာဖြစ်ပါတယ်။

Instagram Live ထဲမှာတော့ Ryan Tedder က "ကျွန်တော်က BLACKPINK ရဲ့ အမာခံပရိသတ်ပါ။ ကျွန်တော့်အနေနဲ့ သူတို့ရဲ့ လက်တွေ့ အလုပ်လုပ်နေပါတယ်"လို့ Ryan Tedder က ဆိုခဲ့တာပါ။

အဲဒီနောက် BLINK တွေက ဒါဟာ Ryan Tedder အနေနဲ့ BLACKPINK x Lady Gaga တို့ရဲ့ Collaboration သီချင်းကို ဖန်တီးနေတာဖြစ်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ Ryan Tedder ရဲ့စကားက BLACKPINK ရဲ့ သီချင်းအသစ်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေရဲ့ရင်ခုန်သံကို နှိုးဆွခဲ့တယ်လို့ ဆိုရမှာပါ။

Ref:Koreaboo

momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။