ယူရိုသန်း (၁၀၀) နဲ့ လက်လွှတ်တော့မယ့် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်

Posted on - May 26 []

Gunner Ksr

စာရေးသူ

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ဂရစ်ဇ်မန်းကို ယူရို (၁၀၀) နဲ့ပဲ ရောင်းချပြီး ဘတ်ဂျတ်ရှာဖွေသွားမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။ ဘာစီိလိုနာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက နေမာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍရေးစည်းမျဉ်းကြောင့် လက်လွှတ်ခံခဲ့ရတာပါ။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂရစ်ဇ်မန်းကို ယူရိုသန်း (၁၀၀) ကျော်တဲ့ ခေါ်ယူလိုက်တဲ့အခါ နေမာအတွက် ဘတ်ဂျက်မကျန်တော့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကတိုက်စစ်မှူး မက်ဆီကိုယ်တိုင်က နေမာကို ခေါ်ယူဖို့ တောင်းဆိုထားခဲ့လို့ ဘာစီလိုနာက လာမယ့်နွေရာသီမှာလည်း ထပ်မံကြိုးပမ်းဦးမှာပါ။

နေမာရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတဲ့အတွက် ယူအီးအက်ဖ်အေရဲ့ဘဏ္ဍရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ဆိုရင် ဘာစီလိုနာဟာ ကစားသမားတချို့ကို ရောင်းထုတ်ရမှာပါ။ ဘာစီလိုနာ ရောင်းထုတ်မယ့်အထဲမှာ ဂရစ်ဇ်မန်းလည်း ပါဝင်နေပြီး သူ့ကို ခေါ်ယူဖို့အတွက်တော့ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။