ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကြယ်ပွင့် (၅) ယောက်အကြောင်း ပြောပြသွားခဲ့တဲ့ ဖာဒီနန်

Posted on - Mar 26 []

Gunner Ksr

စာရေးသူ

မန်ချက်စတာယူနိုက်တက်ဂန္ထ၀င်ကစားသမားကြီး ဖာဒီနန်ကတော့ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကြယ်ပွင့် (၅) ယောက်ကို သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ လူငယ်ကြယ်ပွင့်တွေက အပြိုင်အဆိုင် တောက်ပနေခဲ့ကြတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့စင်မြင်ပေါ်ရောက်လာခဲ့ကြပြီး သူတို့ကပဲ နောင်တစ်ခေတ်ရဲ့ ဘောလုံးလောကကို ကိုယ်စားပြုကြမှာဖြစ်ပါတယ်။ ဒါကြောင့် You Tube Channel တစ်ခုနဲ့ တွေ့ဆုံရာမှာ ဖာဒီနန်က သူသဘောအတွေ့ဆုံး ပရီးမီးယားလိဂ်ရဲ့ လူငယ်ကြယ်ပွင့်တွေအကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အာနိုးလ်

"အာနိုးလ်ကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူပါပဲ။ မော်ဒယ်ကစားသမားစစ်စစ်ဖြစ်ပြီး အသင်းကိုလည်း အများကြီး ကူညီပေးနိုင်သူပါ။"

မာတင်နယ်လီ

"မာတင်နယ်လီကို ကျွန်တော် စောင့်ကြည့်နေတာကြာပါပြီ။ အသက် (၁၈) နှစ်သားလေးက ဒီလောက်အထိ လုပ်နိုင်တာ အံ့အားသင့်စရာပါပဲ။ သူက ပြိုင်ဘက်ကို အလဲထိုးဖို့ အချိန်မရွေးအသင့်ရှိနေသူပါ"

ဂရင်းဝုဒ်

"သူ ဟိုးအရင်း ခပ်ငယ်ငယ်အရွယ်ကတည်းက ကျွန်တော် တွေ့ခဲ့တာပါ။ သူက ကိုယ့်ကိုကိုယ် ယုံကြည်ချက် ပြင်းထန်လွန်းတယ်။ အေးအေးဆေးဆေးနဲ့ ဂိုးသွင်းဖို့ စောင့်ဆိုင်းနေတတ်သူမျိုးပါ"

ဖိုဒန်

"သူ့ရဲ့ကစားပုံက အနုပညာရှင်တစ်ယောက်လိုပါပဲ။ ဂွါဒီယိုလာက ဖိုဒန်ရဲ့ အရည်အသွေးကို ကောင်းကောင်းနားလည်ထားပုံပါပဲ။ ဖိုဒန်တစ်ယောက် ပွဲတွေအများကြီး မကစားရတဲ့အပေါ် ကျွန်တော် မချင့်မရဲ ဖြစ်မိပါတယ်"

ရီစီဂျိမ်းစ်

"ဒီကောင်လေးရဲ့ ဖြတ်တင်ဘောတွေကို ကျွန်တော် ကြိုက်တယ်ဗျ။ သူက ပြိုင်ဘက်တွေကို နာကျင်မှုတွေပေးနိုင်တဲ့သူမျိုးပါ"

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။