စီရော်နယ်နယ်ဒိုနဲ့ သူ့အကြား အထာကျကျ အမွှန်းတင်သွားခဲ့တဲ့ ပီလီ

Posted on - Mar 26 []

Gunner Ksr

စာရေးသူ

ဘရာဇီးဂန္ထ၀င်ကစားသမားကြီး ပီလီကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအကြောင်း ပြောကြားရာမှာတော့ သူ့ကိုယ်သူ အထာကျကျက အမွှန်းတင်သွားခဲ့တာကို တွေ့ရပါတယ်။ ပီလီဟာ ဘောလုံးလောကရဲ့ ဂန္ထ၀င်ကစားသမားကြီး သတ်မှတ်ခံထားရသူပါ။ ဘရာဇီးနဲ့အတူကမ္ဘာ့ဖလား (၃) ကြိမ်၊ အားလုံးချိုးဖျက်ဖို့ ခက်ခဲတဲ့ တစ်ကိုယ်တော်သွင်းဂိုးစံချိန်တွေက ပီလီရဲ့ ဂုဏ်ယူဖွယ်ရာ သမိုင်းမျိုးတွေပါပဲ။

ဒါပေမဲ့ ပီလီဟာ သူ့ထက် လက်ရှိကစားသမားတွေ သာလွန်သွားမှာကြောက်နေပုံပါပဲ။ လက်ရှိခေတ်ရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ထားတဲ့ စီရော်နယ်ဒို၊ မက်ဆီတို့ရဲ့အကြောင်း ပြောဆိုရာမှာ အမြဲတမ်း သူ့ကိုယ်သူ အမွှန်းတင်လေ့ရှိပါတယ်။

"ကျွန်တော့်ကို ဂိုးပေါင်းထောင်ချီသွင်းနိုင်မှ၊ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလား (၃) ကြိမ် ယူပြနိုင်မှာ လာယှဉ်ပါ"ဆိုတဲ့စကားတွေက ပီလီအမြဲပြောနေကျစကားတွေပါပဲ။ You Tube Channel ဖြစ်တဲ့ Pihado နဲ့ တွေ့ဆုံရာမှာလည်း ပီလီဟာ စီရော်နယ်ဒိုကို ချီးကျူးရင်း သူ့ကိုယ်သူ အမွှန်းတင်သွားခဲ့ပါတယ်။

"ဒီနေ့ခေတ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားကတော့ စီရော်နယ်ဒိုပေါ့။ ဒါပေမဲ့ မက်ဆီကိုလည်း မေ့ထားလို့မရဘူး။ ခက်တာက သူကတိုက်စစ်မှူးမဟုတ်ဘူး။ နောက်ပြီး ဇီကို၊ ရော်နယ်ဒင်ညိုနဲ့ ရော်နယ်ဒို။ ဥရောပဘက်မှာဆိုလည်း ဘက်ကင်ဘောင်ဝါနဲ့ ဂျိုဟန်ခရိုက်တို့ရှိတယ်။ ဒါပေမဲ့ ပီလီက အားလုံးထက်ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်"လို့ ပီလီက ဆိုခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။