Train To Busan နောက်ဆက်တွဲဖြစ်တဲ့ ထိတ်လန့်ခြောက်ခြားလွန်းဖွယ်ရာ ကိုရီးယားသွေးစုပ်ဖုတ်ကောင်ဇာတ်ကား

Posted on - Mar 26 []

Gunner Ksr

စာရေးသူ

မကြာသေးခင်ကမှ Netflix က ထုတ်လွှင့်ခဲ့တဲ့ ကိုရီးယား သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွဲဖြစ်တဲ့ Kingdom ဟာ ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့ပါတယ်။ အထူးသဖြင့် အဲဒီဇာတ်ကားရဲ့ ရိုက်ချက်တွေ၊ အသည်းယားစဖွယ် သွေးစုပ်ဖုတ်ကောင်တွေရဲ့ပုံစံက ပရိသတ်တွေကို လုံးဝစွဲငြိစေခဲ့တာပါ။

အခုအခါမှာတော့ ပရိသတ်တွေအနေနဲ့ Kingdom ထက်တောင်ပိုပြီး ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းတဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားကောင်းတစ်ကားကို ခံစားရဦးမှာပါ။ အဲဒီဇာတ်ကားကတော့ တခြားမဟုတ်ဘဲ ပရိသတ်တွေတွေကြား တော်တော်လေး ပေါက်ခဲ့တဲ့ Train To Busan ရဲ့ အဆက်ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ Peninsula လို့အမည်ပေးထားပြီး Gang Dong Won၊ Lee Jung Hyun၊ Lee Re နဲ့ Kwon Hae Hyo တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမှာပါ။ Train To Busan အပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်ကလူတွေက ကြောက်မက်ဖွယ်ရာကောင်းလွန်းတဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ တိုက်ပွဲဝင်ရတဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ။

ဒီဇာတ်ကားထဲက သွေးစုပ်ဖုတ်ကောင်တွေက ပိုပြီးအသက်ဝင်လာကာ လုံးဝအသည်းယားစဖွယ်၊ ခြောက်ခြားလွန်းဖွယ်ရာ ကောင်းနေခဲ့တာပါ။ ဒီဇာတ်ကားကိုတော့ အခုနွေရာသီအတွင်း ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ အဲဒီမှာ Jung Suk က သွေးစုပ်ဖုတ်ကောင်တောထဲကို မကြောက်မရွံ့ဝင်သွားခဲ့ပြီး ဘယ်လိုမျိး ယှဉ်ပြိုင်တိုက်ခိုက်မလဲ၊ သူတို့အနေနဲ့ သွေးစုပ်ဖုတ်ကောင်တွေကို အလဲထိုးနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမှာပါ။

Ref: Koraeboo

momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။