မက်ဆီကြောင့် ဘာမှမလုပ်ပဲနဲ့တောင် အလကား လစာရနေတဲ့ ဘာစီလိုနာကစားသမားတွေရဲ့ ဖြစ်ရပ်

Posted on - Jun 20 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာအသင်းမှာ လီယွန်နယ်မက်ဆီရဲ့အရှိန်အဝါကြီးမားမှုကို တော်တော်လေး လက်ဖျားခါချင်စရာကောင်းတာတွေ့ရမှာပါ။ လီယွန်မက်ဆီက ဘာစီလိုနာအသင်းကို အသက် (၁၄) နှစ်အရွယ်မှာထဲက ဘာစီလိုနာအသင်းကို ရောက်ရှိလာသူဖြစ်ပြီး သူ့ရဲ့ ကစား သမားဘဝတစ်လျှောက်လုံးကို ဘာစီလိုနာမှာပဲ ရင်းနှီးမြှုပ်နှံထားခဲ့သူပါ။

ဘောလုံးလောကမှာ မက်ဆီနဲ့ဘာစီလိုနာဆိုတာ ခွဲခြားလို့ မရနိုင်လောက်တဲ့အထိပါပဲ။ မက်ဆီကြောင့်ပဲ ဘာစီလိုနာအသင်းဟာ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပါတယ်။ ဘောလွန်းဒီအောဆု(၆)ကြိမ်အထိရယူနိုင်ခဲ့ပြီး ၂၁ ရာစုရဲ့ အကောင်းဆုံးကစားသမားအဖြစ်ဘသတ်မှတ်ခံထားရတဲ့ မက်ဆီရဲ့ ဘာစီလိုနာအသင်းအတွင်း သြဇာလွှမ်းမိုးမှုက တော်တော်လေးကြီးမားတယ်လို့ ဆိုရမှာပါ။

နည်းပြရဲ့နည်းစနစ်ပိုင်းတွေကို ဝင်ရောက်စွတ်ဖက်တာ အသင်းရဲ့အပြောင်းအရွှေ့တွေမှာ ပါဝင်ပတ်သက်တာမျိုးတွေက အားလုံးသိထားရတဲ့ မက်ဆီရဲ့ လွှမ်းမိုးမှုတွေပါပဲ။ အခုအခါမှာတော့ ဘာစီလိုနာဥက္ကဌဟောင်း လပေါ်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ဘာစီလိုနာကစားသမားဟောင်း အီရီဒီယာက မက်ဆီရဲ့ သြဇာလွှမ်းမိုးမှု တစ်ခုကို ပြန်ပြောင်းပြောပြ သွားခဲ့တာပါ။

သူ့ရဲ့အဆိုအရ မက်ဆီကြောင့် ချန်ပီယံလိဂ်ဖလားရယူ ဖူးတဲ့ ဘာစီလိုနာကစားသမားတိုင်းဟာ ဘဝတသက်စာ လစာမျိုးရနေတယ်လို့ သိရပါတယ်။ ဥက္ကဌဟောင်း လပေါ်တာဟာ ရောမမြို့မှာ မန်ယူနဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မက်ဆီရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် လပေါ်တာက အဲ့ဒီ ကတိမျိုးပေးခဲ့တာဖြစ်တယ်လို့ အီရီဒီယာက ဆိုပါတယ်။

" ရောမမှာယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူကို မက်ဆီရဲ့ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ လပေါ်တာက ဘာစီလိုနာအသင်းနဲ့ ဥရောပချန်ပီယံဆု ရယူထားနိုင်ခဲ့တဲ့ ကစားသမားအကုန်လုံးကို တသက်တာ လစာပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ လက်တွေ့မှာလည်း လပေါ်တာက ပြောတဲ့အတိုင်း တကယ်လုပ်ဆောင်ခဲ့ပါတယ်" လို့ အီရီဒီယာက ဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဥရောပဖလားမျိုးစုံ ရယူထားနိုင်ခဲ့တဲ့ ကစားသမား ၂၉၀ ကျော်ကို တသက်တာ လစာ ပေးအပ်နေရကြောင်းသိရပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။