အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆန်ချိုကို လုံးဝအကျိုးရှိတဲ့ အကြံဥာဏ်ပေးခဲ့တဲ့ မာကိုရုစ်

Posted on - May 25 []

Gunner Ksr

စာရေးသူ

သစ္စာရှိလွန်းသူလို့ သတ်မှတ်ခံထားရတဲ့ ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရုစ်ကတော့ ဆန်ချိုကို...လက်ရှိအချိန်မှာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်ကစားမားဆန်ချိုရဲ့ အပြောင်းအရွှေ့ကောလဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒေါ့မွန်အသင်းက ဆန်ချိုကို ပေါင်သန်း (၁၄၀) ရရှိရင် ရောင်းထုတ်သွားမယ်လို့လည်း သိရပါတယ်။

ဒီအချိန်မှာ ကာယကံရှင်ဆန်ချိုဘက်ကတော့ ဘာစကားသံမှ ထွက်ပေါ်မလာသေးဘဲ အသံတိတ်ဆိတ်နေပါတယ်။ ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရုစ်ကတော့ ဆန်ချိုအနေနဲ့ အနည်းဆုံး (၂) နှစ်လောက် အသင်းမှာ ဆက်ကစားသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

"ဆန်ချိုအနေနဲ့ (၁) နှစ်၊ ဖြစ်နိုင်မယ်ဆိုရင် (၂) နှစ်လောက် အသင်းမှာပဲဆက်နေသင့်ပါတယ်။ ကျွန်တော့်အမြင်အရတော့ လက်ရှိအအသင်းမှာထက် သူ့အတွက် ပိုမကောင်းနိုင်ပါဘူး။ အဲဒီနောက်မှာတော့ သူ့အနေနဲ့နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်မှာပါ။ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လို့ ကျွန်တော်တို့နဲ့အတူ တိုးတက်ဖို့ လုပ်ဆောင်ရပါဦးမယ်"လို့ မာကိုရုစ်က ဖွင့်ဟသွားခဲ့တာပါ။ဒေါ့မွန်အသင်းခေါင်းဆောင်မာကိုရုစ်ကတော့ ဆန်ချိုကို သစ္စာတရားအကြောင်း တဖြည်းဖြည်းနဲ့ နားရိုက်သွင်းနေတာလားလို့ပဲ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။