ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်ဟာ ပေါင်းစပ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာ ပြောပြခဲ့တဲ့ အီဂါလို

Posted on - Jun 17 []

Gunner Ksr

စာရေးသူ

သူတို့နှစ်ယောက်သာ တွဲကစားနိုင်ဖို့ကို ယူနိုက်တက်တိုက်စစ်မှူး အီဂါလိုက စိတ်ကူးလျက်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဇန်န၀ါရီအပြောင်းအရွှေ့က စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပေါင်သန်း (၅၀) ကျော်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက်တို့ရဲ့ နှလုံးအိမ်ထဲ အလျင်အမြန် ၀င်ရောက်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့သာ တွဲကစားမယ်ဆိုရင်ဆိုတဲ့ စိတ်ကူးမျိုး ယူနိုက်တက်ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှိနေကြတာပါ။

တိုက်စစ်မှူး အီဂါလိုကတော့ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့သာ တွဲကစားရင် ယူနိုက်တက်ကို အရင်လို ခမ်းနားတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့ရလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ "ပေါ့ဂ်ဘာဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ အကောင်းဆုံး ကြိုးပမ်းနေပါတယ်။ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ ကွင်းလယ်မှာ တွဲကစားနေတာကို မြင်ယောင်ကြည့်လိုက်ပါ။ ယူနိုက်တက်ဟာခြားနားတဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။ နောက်ပြီး ရက်ဖို့ဒ်လည်း ပြန်လာပါတော့မယ်"လို့ အီဂါလိုက ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး လာမယ့်ရာသီမှာ ယူနိုက်တက်ကို ခြားနားတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့ရမှာဖြစ်ကြောင်း၊ ဖာနန်ဒက်စ်ဟာ အခုအချိန်အထိ သူ့ရဲ့အကောင်းဆုံးပုံစံကို မရသေးဘူးလို့ အီဂါလိုက ဆိုခဲ့ပါတယ်။
Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။