ယူနိုက်တက်ကို ဗန်ပါစီ ပြောင်းရွှေ့သွားခြင်းရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်

Posted on - May 23 []

Gunner Ksr

စာရေးသူ

အာဆင်နယ်အသင်းမှာ ၂၀၀၄ မှ ၂၀၁၂ ခုနှစ်အထိ (၈) နှစ်ကြာကစားခဲ့ပြီး ခါးသီးတဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ပေါင် (၂၄) သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ အာဆင်နယ်ရဲ့အခါးသီးဆုံးပြိုင်ဘက်မန်ယူကို ဘာကြောင့် ပြောင်းရွှေ့ခဲ့ရသလဲဆိုတာ ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဗန်ပါစီဟာ အာဆင်နယ်အသင်းမှာ ပွဲပေါင်း (၂၇၈) ပွဲကစားခဲ့ရပြီး ဂိုးပေါင်း (၁၃၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ရခြင်း၏ နောက်ကွယ်က အဓိက အကြောင်းအရင်းတစ်ခုကတော့ အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းထပ်တိုးဖို့အတွက် ကမ်းလှမ်းခဲ့ခြင်းမရှိသည့်အတွက်ကြောင့် ဖြစ်သည်ဟု ဗန်ပါစီက ပြောခဲ့ပါတယ်။

“ကျွန်တော့်ကို စာချုပ်သစ်တစ်ခု ဘယ်တော့မှ ကမ်းလှမ်းခဲ့ခြင်းမရှိပါဘူး။ ဒီတော့ ခင်ဗျားဆိုရင်ရော ဘယ်လိုလုပ်မလဲ? အဲ့တုန်းကဗျာ ကျွန်တော်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ဖလားကို ယူချင်တဲ့ ရည်မှန်းချက်ရှိတယ်။ အဲ့တော့ ကျွန်တော့်မှာ ရွေးချယ်စရာ (၃) ခုထွက်လာခဲ့တယ်။ ပထမတစ်ခုက စာချုပ်သက်တမ်းတိုးကိစ္စပေါ့၊ ဒါက အဆင်မပြေတော့ အမြန်ဆုံးပျောက်သွားတယ်။ နောက်ထပ် ရွေးချယ်စရာ (၂) ခုက မန်စီးတီးလား၊ မန်ယူလား ဘယ်သင်းကိုသွားမလဲပေါ့? ”

“ဒါပေမယ့် လူတွေက ဒီအပြောင်းအရွှေ့ရဲ့ နောက်ကွယ်က ဖြစ်ပျက်သွားခဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို မသိလိုက်တာပဲဗျာ။ ပရိသတ်တွေ မမြင်တဲ့အရာတွေ အများကြီး အများကြီး ရှိသေးတယ်။ ရွေးချယ်မှုတစ်ခုရှိလာရင် ရွေးချယ်ရမှာပဲလေ။ အရေးကြီးဆုံးအချက်က အာဆင်နယ်အသင်းဟာ ကျွန်တော့်ကို စိတ်ပျက်စေခဲ့သလို၊ သူတို့ဘက်က ဘယ်တုန်းကမှ စာချုပ်သစ်တွက် ကမ်းလှမ်းခဲ့တာမျိုးမရှိခဲ့ဘူး” လို့ ဗန်ပါစီက ဖွင့်ဟခဲ့ပါတယ်။

ဗန်ပါစီဟာ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့ပြီး စတင်ရောက်ရှိတဲ့နှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားဟာ သူ့ဘ၀တစ်လျှောက် ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။