ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးက ဘယ်သူလဲဆိုတာကို ထုတ်ပြောသွားခဲ့တဲ့ မာတာ

Posted on - Jun 18 []

Gunner Ksr

စာရေးသူ

ဒီကစားသမားဟာ ပရီးမီးယားလိဂ်မှာ အခမ်းနားဆုံးပဲလို့ မာတာက ဖွင့်ဟခဲ့တာပါ။ စပိန်လက်ရွေးစင်တောင်ပံကစားသမား မာတာဟာ ၂၀၁၁ ခုနှစ်မှာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ရာသီခွင်ထဲ ခြေချခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် မာတာတစ်ယောက် ပရီးမီးယားလိဂ်မှာ ကျင်လည်တာ ဆယ်စုနှစ်တစ်ခု ကြာမြင့်သွားခဲ့ပြီလို့ ဆိုရမှာပါ။

ပရီးမီးယားလိဂ်ဝါရင့် ကစားသမားတစ်ယောက်ဖြစ်တဲ့ မာတာဟာ သူ့အတွေ့အကြုံအရ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားကို ပြောပြသွားခဲ့ပါတယ်။ မာတာ ရွေးချယ်ခဲ့တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကတော့ တခြားမဟုတ်ဘဲ သူ့ရဲ့ချဲလ်ဆီးအသင်းဖော်ဟောင်း ဟာဇက်ပါပဲ။

မာတာနဲ့ ဟာဇက်တို့ဟာ ချဲလ်ဆီးအသင်းမှာ လက်တွဲညီညီ ခြေစွမ်းပြပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဟာဇက်နဲ့ ကစားရတာ နှစ်သက်ကြောင်း၊ ဟာဇက်ဟာ အကောင်းဆုံးပဲဖြစ်ကြောင်း မာတာက ယူနိုက်တက် တရားဝင် ၀က်ဆိုက်ဒ်နဲ့ တွေ့ဆုံရာမှာ ဖွင့်ဟသွားခဲ့ပါတယ်။

" ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်မှာ ဟာဇက်က အကောင်းဆုံးပါ။ သူဟာ ကစားပွဲတွေကို အလဲထိုးနိုင်စွမ်းရှိတယ်။ သူနဲ့အတူ လေ့ကျင့်ခဲ့ရလို့ သူဟာ ဘယ်လောက်ကောင်းသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဟာဇက်ဟာ ကံမကောင်းစွာနဲ့ ရီးရဲမှာ ဒဏ်ရာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ တကယ်လို့ သူဟာ ဒဏ်ရာမရခဲ့ရင်၊ ကြံ့ခိုင်မှုသာ ပြည့်ဝနေရင် သူ့ရဲ့အဆင့်အတန်းကို ပြသနိုင်ပါလိမ့်မယ်"လို့ မာတာက ဖွင့်ဟသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။