အာဂျင်တီးနားနဲ့ဆိုရင် အမြဲတမ်း ဝေဖန်ခံနေရတဲ့ မက်ဆီဘက်ကနေ မားမားမတ်မတ် ကာကွယ်ပေးခဲ့တဲ့ အဂူရို

Posted on - Jul 3 []

Gunner Ksr

စာရေးသူ

မန်စီးတီးတိုက်စစ်မှူး အဂူရိုက နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပတ်သက်လာရင် အမြဲတမ်း ဝေဖန်ခံနေရတဲ့ အာဂျင်တီးနားအသင်းဖော်မက်ဆီဘက်ကနေ ကာကွယ်သွားခဲ့ပြီး မက်ဆီကို ဝေဖန်နေတာကို သူ့အနေနဲ့ နားမလည်နိုင်ဖြစ်မိတယ်လို့ ဆိုခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာမှာ ခြေစွမ်းပြပြီး ဆုဖလားတွေဆက်တိုက် ရယူနိုင်ခဲ့သလောက် ကစားသမားဘ၀တစ်လျှောက် အာဂျင်တီးနားအသင်းအတွက် ဆုဖလားတစ်လုံးတောင် ရယူထားနိုင်ခြင်း မရှိခဲ့ပါဘူး။ အာဂျင်တီးနားနဲ့အတူ ဗိုလ်လုပွဲ (၄) ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် (၄) ကြိမ်စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတယ်။

ဒါကြောင့် အာဂျင်တီးနားနဲ့ ပတ်သက်လာရင် မက်ဆီဟာ ပေးဆပ်လိုစိတ် နည်းပါးသူလို့ တံဆိပ်ကပ်ခံနေရပါတယ်။ အဂူရိုကတော့ အာဂျင်တီးနားနဲ့ ပတ်သက်လာရင် အရင်ဆုံးနာကျင်ရသူက မက်ဆီကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုပြီး ကာကွယ်သွားခဲ့ပါတယ်။

"နိုင်ငံအသင်းနဲ့ ပတ်သက်လာရင် မက်ဆီကို ဘာကြောင့် ဝေဖန်နေသလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ သူက ပထမဆုံးနာကျင်ရသူပါ"လို့ အဂူရိုက ပြောဆိုသွားခဲ့တာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။