Billboard ဂီတကျွမ်းကျင်သူ (၅) ယောက် သုံးသပ်ထားတဲ့ BTS အဖွဲ့ပိုပိုပြီး အောင်မြင်လာရခြင်းအကြောင်းများ

Posted on - Jul 9 []

Gunner Ksr

စာရေးသူ

ဒီအချက်တွေကြောင့်ပဲ BTS အဖွဲ့ရဲ့ အောင်မြင်မှုဟာ တစ်နေ့တစ်ခြား ပိုပိုပြီး ကြီးမားလာရတယ်လို့ Billboard ဂီတပညာရှင်တွေက ဆိုထားကြပါတယ်။

၁။ ထူးခြားတဲ့ ပရိုမိုးရှင်းနည်းလမ်း

Billboard ရဲ့ဝန်ထမ်း Tatiana Cirisano ရဲ့သုံးသပ်ချက်အရ BTS အဖွဲ့အောင်မြင်လာတဲ့နေရာမှာ သူတို့ရဲ့ ပရိုမိုးရှင်းနည်းလမ်းတွေက အဓိကအကြောင်းပြချက်တွေထဲကတစ်ခုလို့ ဆိုခဲ့ပါတယ်။ US မှာ တခြားအနုပညာရှင်တွေဟာ Music Video ထုတ်လုပ်ပြီး TV အစီအစဉ်တွေမှာ တစ်ခါ၊ နှစ်ခါလောက်သာ ပါဝင်ဖျော်ဖြေခဲ့ပေမယ့် BTS ကတော့ အဲဒီနည်းလမ်းတွေနဲ့ မတူကွဲပြားစွာ အသုံးပြုခဲ့တယ်လို့ Tatiana Cirisano က သုံးသပ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် BTS ဟာ Grand Central Station လိုမျိုးနေရာမှာ ဖျော်ဖြေခဲ့တာပါပဲ။

၂။ ကိုယ်ပိုင်ဟန်နဲ့ ထိုးဖောက်ခြင်း

BTS အဖွဲ့ဟာ အောင်မြင်ပြီးသားတခြားအဖွဲ့တွေရဲ့ နည်းလမ်းကို အသုံးမပြုဘဲ ကိုယ်ပိုင်ဟန်နဲ့ ထိုးဖောက်တာကလည်း သူတို့အောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ခုလို့ Billboard ရဲ့ ဂီတကျွမ်းကျင်သူ Eric Frankenberg က သုံးသပ်ခဲ့ပါတယ်။ BTS ဟာ ပရိသတ်အကြိုက် ပေါ်ပင်လိုက်ဖန်တီးမယ့်အစား အောင်မြင်မှုနဲ့ပတ်သက်ပြီး မစိုးရိမ်ဘဲ သူတို့စိတ်ကြိုက်တာ ဖန်တီးလေ့ရှိတာပါ။

၃။ သီချင်းနဲ့ ပတ်သက်ပြီး စွန့်စားမှု

Billboar ရဲ့ ဂီတရေးရာ သုံးသပ်သူ Jason Lipshutz က BTS ဟာ တခြားအဖွဲ့တွေနဲ့အတူဘဲ သီချင်းကို ချဉ်းကပ်ပုံ ကွာခြားတာ၊ စွန့်စားလိုစိတ်ရှိတာက ရုတ်တရက် တိုးတက်လာခြင်းအကြောင်းဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

၎။ ကိုရီးယားစာသားအပေါ် ယုံကြည်ချက်

K-pop အဖွဲ့တွေဟာ အမေရိကကို ထိုးဖောက်တဲ့နေရာမှာ သူတို့သီချင်းတွေမှာ အင်္ဂလိပ်စာသားတွေ အစားထိုးပြီး Version ပြောင်းကာ အသုံးပြုပေမယ့် BTS ကတော့ ကိုရီးယားဘာသာစကားကိုပဲ ယုံယုံကြည်ကြည် သုံးစွဲခဲ့တာကလည်း အောင်မြင်ရခြင်း အကြောင်းတစ်ခုလို့ Mia Nazareno က ဆိုပါတယ်။

၅။ အရှိန်အ၀ါကြီးမားခြင်း

Billboard ရဲ့ ဂီတရေးရာ သုံးသပ်သူဖြစ်တဲ့ Andrew Unterbergerက BTS ဟာ အခုဆိုရင် အရှိန်အ၀ါကြီးမားလွန်းနေပြီလို့ ဆိုခဲ့ပါတယ်။ BTS ဟာ တခြားထိပ်တန်းအနုပညာရှင်တွေနဲ့ Collaboration လုပ်ရင်တောင် သူတို့ဟာ ဂုဏ်မငယ်နေရဘူးလို့ Andrew Unterberger က ဆိုခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။