Song Hye Kyo နဲ့ တူတယ်အပြောခံရလို့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ Jung Mi Ae

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

Jung Mi Ae ဟာ ကိုရီးယားထိပ်တန်းမင်းသမီး Son Hye Kyo နဲ့တူတယ်လို့ အပြောခံခဲ့ရအခါ ဒါကို ပရိသတ် အများအပြားက ကျေနပ်ခြင်းမရှိခဲ့ကြတာပါ။ အဆိုတော် Jung Mi Ae ဟာ ကိုရီးယားထိပ်တန်းမင်းသမီး Son Hye Kyo နဲ့တူတယ်လို့ အပြောခံခဲ့ရအခါ ဒါကို ပရိသတ် အများအပြားက ကျေနပ်ခြင်း မရှိဘဲ လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်ခဲ့ကြတာပါ။

Jung Mi Ae ဟာ အရင်က ၀ခဲ့ပေမယ့်လည်း အခုအခါမှာတော့ ၀ိတ်ချလိုက်ပြီဖြစ်ကာ ပိန်သွားခဲ့ပြီ ဖြစ်ပါတယ်။ တလောက အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ရာမှာတော့ အစီအစဉ်တင်ဆက်သူက Jung Mi Ae ကို ပိန်သွားတဲ့အတွက် အရမ်းလှလာပြီး Song Hye Kyo နဲ့တောင်တူတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အဲဒီမှာပဲ Jung Mi Ae ရဲ့နာမည်ကို အွန်လိုင်းမှာ ရှာဖွေမှုမြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေက Jung Mi Ae ကို ဆဲဆိုမှုတွေ၊ ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာတော့ Jung Mi Ae က ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

"Show တစ်ခုကို ကျွန်မသွားခဲ့တယ်။ အဲဒီမှာ အစီအစဉ်တင်ဆက်သူက မင်းကိုကြည့်ရတာ ၀ိတ်ကျသွားပြီးနောက် Song Hye Kyo နဲ့တူလာတယ်လို့ ပြောခဲ့တယ်။ အဲဒီနောက်ပိုင်းကတည်းက လူတွေက ကျွန်မအကြောင်းကို ပြောတော့တာပါပဲ။ မုန်းတီးမှုတွေ၊ မကောင်းတဲ့မှတ်ချက်တွေအများအပြားကို ကျွန်မ ရခဲ့တယ်။ ဒါတွေကို မေ့ပစ်လိုက်ဖို့ ကျွန်မ တောင်းဆိုပါရစေ"လို့ Jung Mi Ae က ဆိုခဲ့တာပါ။ အဲဒီနောက် Jung Mi Ae ဘက်ကနေ ကာကွယ်ပြောဆိုခဲ့တဲ့ ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။