ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အခမ်းနားဆုံးနောက်ခံလူကို ကွန်ပနီရွေးချယ်ခဲ့ရာ အံ့အားသင့်စရာဖြစ်ခဲ့ရ
Gunner Ksr
စာရေးသူ
မန်စီးတီးဂန္ထ၀င်ကစားသမားကြီး ကွန်ပနီကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အခမ်းနားဆုံးနောက်ခံလူကို ရွေးချယ်ခဲ့ရာမှာ သူ့ရဲ့ရွေးချယ်မှုက အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ကစားပြီး ပရီးမီးယားလိဂ်ဖလား အပါအ၀င် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တာပါ။

Sporf နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ကွန်ပနီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အခမ်းနားဆုံးနောက်ခံလူကို ရွေးချယ်သွားခဲ့ပါတယ်။ ကွန်ပနီ ရွေးချယ်ခဲ့တဲ့ ကစားသမားကတော့ တခြားမဟုတ်ဘဲ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ျပါပဲ။

"ပရီးမီးယားလိဂ်အကောင်းဆုံးနောက်ခံလူအဖြစ် ဗန်ဒိုက်ခ်ျကို ရွေးချယ်လိုပါတယ်။ သူက တယ်ရီ၊ ဖာဒီနန်တို့လို ဒီလိဂ်မှာ အချိန်အကြာကြီး သက်သေပြနိုင်ခဲ့သူမဟုတ်လို့ ထူးဆန်းတဲ့ ရွေးချယ်မှု ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗန်ဒိုက် စွမ်းဆောင်ခဲ့တဲ့အရာတွေက ရှင်းရှင်းလင်းလင်းပါပဲ"လို့ ကွန်ပနီက ဆိုခဲ့တာပါ။

ဗန်ဒိုက်ခ်ျကတော့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံထားရသလို ပြီးခဲ့တဲ့နှစ် အကောင်းဆုံးဆုပေးပွဲတွေမှာလည်း မက်ဆီ၊ စီရော်နယ်ဒိုနဲ့ ပခုံးချင်းယှဉ်ပြိုင်ခဲ့သူပါ။
Ref: Sportbible
Oz11(မိုမိုလေး)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။