K-pop Idol တွေအတွက် အလုပ်လုပ်ပေးရသူတွေ အလွန်ခေါင်းအခဲရဆုံးကိစ္စများ

Posted on - Jul 7 []

Gunner Ksr

စာရေးသူ

Idol တွေအတွက် အလုပ်လုပ်ပေးနေရသူတွေရဲ့ ဘ၀တွေဟာ မလွယ်ကူပါဘူး။ သူတို့တွေဟာ Idol တွေ တစ်ခုခုဖြစ်မှာကို အချိန်ပြည့်စိုးရိမ်နေကြရသူတွေပါ။ Idol တွေတစ်ခုခုဖြစ်ပြီဆိုရင် ခေါင်းကိုက်ရဆုံးသူတွေပဲ ဖြစ်ကြပါတယ်။

အချိန်များစွာ အလုပ်လုပ်ရခြင်း

အနုပညာအေဂျင်စီတွေမှာ Idol တွေအတွက် အလုပ်လုပ်ပေးရသူတွေရဲ့ အလုပ်ချိန်ဟာ အတိအကျမရှိပါဘူး။ သူတို့တွေ အလုပ်ချိန်ပြင်ပ ဒါမှမဟုတ် အားလပ်ရက်တွေမှာလည်း မနားရဘဲ Idol တွေကို စောင့်ကြည့်နေရပါတယ်။ တချို့အေဂျင်စီက အလုပ်သမားတွေဆိုရင် အားလပ်ရက်တွေမှာလည်း Idol တွေရဲ့ Fan Meeting တွေ၊ သီချင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ ရိုက်ကူးတဲ့အခါ သွားတက်ရတာမျိုးတွေ ရှိပါတယ်။

ဖိအားအလွန်များခြင်း

Idol တွေအတွက် အလုပ်လုပ်ပေးနေရသူတွေအတွက် ဖိအားအလွန်များမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဒါက သူတို့ရဲ့ ကျန်းမာရေးကိုပဲ အလွန်ထိခိုက်စေတဲ့အရာပါ။

အမုန်းတရားများစွာနဲ့ ရင်ဆိုင်ရခြင်း

Idol တွေဘေးနားမှာ အလုပ်လုပ်နေရသူတွေဟာ သာမန်မဟုတ်ပါဘူး။ သူတို့တွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားသူတွေပါ။ ဒါကြောင့် သူတို့ရဲ့ Idol နာမည်ပျက်တစ်ခုခုရှိတဲ့အခါ သူတို့ကလည်း ကြားထဲကနေ အမုန်းခံရလေ့ရှိပါတယ်။

Idol တွေလုပ်သမျှ လိုက်ဖြေရှင်းရခြင်း

Idol တွေ အမှားတစ်ခုခုလုပ်မိတဲ့အခါ သူတို့ဘေးနားက ၀န်ထမ်းတွေက ခေါင်းအခဲရဆုံးပါပဲ။ "ဥပမာအနေနဲ့ ပြောရင် Idol တွေ ပြဿနာတစ်ခုလုပ်လိုက်တဲ့အခါ အဲဒီ Idol က တောင်းပန်လေ့မရှိပါဘူး။ ကျွန်တော်က သူ့ရဲ့ ဘ၀ထဲက ပြဿနာတွေအထိ လိုက်ဖြေရှင်းပေးရတယ်"လို့ ၀န်ထမ်းဟောင်းတစ်ဦးက ဖွင့်ဟသွားခဲ့ပါတယ်။

ဝင်ငွေပြဿနာ

ဝန်ထမ်းဟောင်းတွေရဲ့ ဖွင့်ဟချက်အရတော့ သူတို့ဟာ အချိန်ပိုတွေလုပ်ရပြီး Idol တွေရဲ့ ပြဿနာတွေကို လိုက်ဖြေရှင်းပေးရပေမယ့် အဲဒီအချိန် အပိုဆုကြေး မရရှိဘူးလို့ သိရပါတယ်။

Ref: Koreaboo

momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။