ကစားသမားဘ၀တစ်လျှောက် လူကပ်ကစားရ အခက်ခဲဆုံးပြိုင်ဘက်ကို မကွယ်မ၀ှက် ဖွင့်ချသွားခဲ့တဲ့ ဗန်ဒိုက်ခ်ျ

Posted on - Jun 24 []

Gunner Ksr

စာရေးသူ

ဗန်ဒိုက်ခ်ျဟာ ၂၀၁၈ ခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်ကလပ်ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာပါ။ ပြောင်းရွှေ့ကြေးကြောင့် ဝေဖန်စရာတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဗန်ဒိုက်ခ်ျက အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ျကတော့ Twiiter မှာ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစဖွယ် အမေး၊ အဖြေအစီအစဉ်ကို တင်ဆက်ခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တွေ စိတ်အ၀င်စားဆုံးမေးခွန်း (၂) ခုကတော့ လူကပ်ကစားဖို့ အခက်ခဲဆုံးပြိုင်ဘက်နဲ့ သူ့ရဲ့ အကြိုက်ဆုံး လီဗာပူးဂိုးတို့ပါပဲ။

လူကပ်ကစားဖို့ အခက်ခဲဆုံးပြိုင်ဘက်ကိုတော့ ဗန်ဒိုက်ခ်ျက မန်စီးတီးတိုက်စစ်မှူးအဂူရိုလို့ ဖြေခဲ့ပြီး အကြိုက်ဆုံးဂိုးကိုတော့ "မန်ယူကိုသွင်းခဲ့တဲ့ ကျွန်တော့်ရဲ့ဂိုး ဖြစ်နိုင်ပါတယ်"လို့ ဖြေကြားသွားခဲ့တာပါ။

ဒါကြောင့် ဗန်ဒိုက်ခ်ျရဲ့အဖြေဟာ လီဗာပူးပရိသတ်တွေအတွက်တော့ တကယ့်ကို သဘောကျစရာလို့ ဆိုရမှာတော့ပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။