မက်ဆီနဲ့ ပတ်သက်ပြီး သူအကျေနပ်ရဆုံးအရာကို မကွယ်ဝှက်တမ်း ဖွင့်ဟပြောကြားခဲ့တဲ့ အမ်ဘတ်ပီ

Posted on - Jun 26 []

Gunner Ksr

စာရေးသူ

ပီအက်စ်ဂျီလူငယ်ကြယ်ပွင့်အမ်ဘတ်ပီက သူ့အနေနဲ့ မက်ဆီနဲ့ ပတ်သက်ပြီး ကျေနပ်ရတဲ့အရာတစ်ခုကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မက်ဆီဆိုတာ (၂၁) ရာစုရဲ့ အလင်းလက်ဆုံးကြယ်တစ်ပွင့်အဖြစ် တင်စားခံရသူဖြစ်ပြီး အမ်ဘတ်ပီဟာ ဘောလုံးလောကအတွင်း မက်ဆီတို့ရဲ့ဆက်ဆံသူအဖြစ် သတ်မှတ်ခံထားရသူပါ။

မက်ဆီဟာ Ballon d'Or ဆုကို (၆) ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီကို အတုယူတဲ့လူငယ်ကစားသမားတွေကလည်း ဘောလုံးလောကမှာ မနည်းမနောပါပဲ။

ဒီအထဲမှာ အမ်ဘတ်ပီလည်း အပါအ၀င်ပါပဲ။ ပြင်သစ်လူငယ်ကြယ်ပွင့် အမ်ဘတ်ပီဟာ အသက် (၂၀) အရွယ်ကတည်းနဲ့ ဘောလုံးလောကမှာ မှတ်တိုင်များစွာ စိုက်ထူထားနိုင်ခဲ့တာပါ။ အမ်ဘတ်ပီဟာ အသက် (၂၀) အရွယ်ကတည်းနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တယ်။ ပီအက်စ်ဂျီလို ထိပ်တန်းအဆင့်အသင်းမျိုးမှာ ကစားနေရတယ်။

အမ်ဘတ်ပီက သူ့အနေနဲ့ စီရော်နယ်ဒိုကို ရူးသွပ်လွန်းပေမယ့် မက်ဆီကိုလည်း လေးစားပြီး အတုယူလေ့ရှိတယ်လို့ ဖွင့်ဟထားခဲ့ပါတယ်။ အခုအခါမှာတော့ အမ်ဘတ်ပီက သူ့အနေနဲ့ မက်ဆီနဲ့ ပတ်သက်ပြီး ကျေနပ်စရာ ကောင်းတဲ့အရာကို ပြောဆိုသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။