ဂျာမန်လူငယ်လေးအတွက် ပေါင်သန်း (၁၀၀) ကျော်သုံးပြီး ပွဲကြမ်းတော့မယ့် လီဗာပူး

Posted on - May 15 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ထိပ်သီးကလပ်လီဗာပူးအသင်းဟာ အသင်းကိုအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အသက် (၂၀) နှစ်အရွယ် ဂျာမန်လူငယ်ကွင်းလယ်လူကိုင်ဟာဗက်ဇ်ကို ပေါင်သန်းရာကျော် သုံးစွဲပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ စပိန်မီဒီယာတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအရွှေ့များစွာ ပြုလုပ်ဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းရဲ့တိုက်စစ်ကစားသမားမာနေးကို လာလီဂါထိပ်သီးကလပ်ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးဟာလေဗာကူဆင်လူငယ်ကွင်းလယ်လူဟာဗက်ဇ်ကို ပေါင် (၁၀၇) သန်းအထိ သုံးစွဲပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

ဟာဗက်ဇ်ကို ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေပြီး လီဗာပူးက လက်ဦးမှုရယူနိုင်ဖို့ ပြင်ဆင်လျက်ရှိနေတာပါ။ ဟာဗက်ဇ်ဟာ လေဗာကူဆင်အသင်းနဲ့အတူ ဥရောပဘောလုံးဇာတ်ခုံပေါ် ထွန်းတောက်လာသူပါ။

ဟာဗက်ဇ်ဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၈ ခုနှစ်ကတည်းက စတင်ရွေးချယ်ခံခဲ့ရပြီး (၇) ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။ ဟာဗက်ဇ်ကိုယ်တိုင်ကလည်း လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဥရောပထိပ်သီးအသင်းတစ်သင်းကို ပြောင်းရွှေ့လိုလျက်ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးကတော့ နောက်ထပ်အံ့အားသင့်ဖွယ် အပြောင်းအရွှေ့တွေကို ဖန်တီးဖို့ ကြံရွယ်နေတာပါပဲ

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။